ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းပြီး ဇာတ်ကားတွေများစွာရိုက်ကူးကာ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ကတော့ ဘုန်းလျှံပဲ ဖြစ်ပါတယ်နော်..။
ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ ဘုန်းလျှံပတော့ ယောကျ်ားပီသတဲ့ သူ့ရဲ့ဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေတော်တော်များများက သဘောကျချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။
ပြီးခဲ့တဲ့လပိုင်းတွေလောက်ကမှ ချစ်ရသူလေးနဲ့ လက်ထပ်လိုက်တဲ့ ဘုန်းလျှံကတော့ စီးပွားရေးကို တစိုက်မတ်မတ်လုပ်ကာ သူ့ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ဝေမျှတတ်ပါတယ်နော်..။
အခုတစ်ခါမှာလည်း ဘုန်းလျှံတို့ဇနီးမောင်နှံလေးကတော့ ရခိုင်ဆရာတော်
မဏ္ဍလ (ရွှေပြည်သာ ) တို့ကို ဆွမ်းကပ်လှူပြီး ကြည်နူးစရာကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။
"ရခိုင်ဆရာတော် မဏ္ဍလ (ရွှေပြည်သာ ) တို့အား မင်းရခိုင်အဖွဲ့ စုပေါင်းနေ့ဆွမ်း ကုသိုလ်.." ဆိုပြီး လှူဒါန်းကုသိုလ်ယူခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။
ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကလည်း ဘုန်းလျှံတို့ ဇနီးမောင်နှံရဲ့ အလှူပုံရိပ်လေးတွေကိုလည်း သဘောကျစွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ဆိုထားကြတာ တွေ့ရပါတယ်နော်..။