ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်ရင်း ဝမ်းနည်းစရာစာလေး ရေးသားဖော်ပြလာခဲ့တဲ့ နိုင်လူ

//s9.kh1.co/5b/5b355d6b6937a1387f7168c97fbe5cbef99ed6d0.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့ဇာတ်ရံ လူကြမ်းသရုပ်ဆောင် နိုင်လူကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်လူ ဟာ သရုပ်ဆောင် ဦးကြူးမာရဲ့ သားတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့အနုပညာအမွေကို ရရှိထားကာ အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ နိုင်လူ ကတော့ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးကြူးမာကွယ်လွန်ခဲ့ခြင်း (၈)နှစ်ပြည့်နေ့လေးဖြစ်တာကြောင့် သတိရလွမ်းဆွတ်ရင်း အမှတ်တရပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account

ဒီပုံလေးတွေနဲ့လည်း နိုင်လူက "ရုပ်ရှင်သရုပ်ဆောင်ဦးကြူးမားသို့မဟုတ်နိုင်လူ၏အဖေကွယ်လွန်ခဲ့သည့် ယနေ့(၈)နှစ်ပြည့်ရှိလာခဲ့ပြီ ရုပ်ရှင်ဇာတ်ကားများနှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာတို့တွင်ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ပရိပ်သတ်၏အားပေး ချစ်ခင်မှုကိုရရှိခဲ့သည့်သရုပ်ဆောင်ဦးကြူးမား(ခ)ဦးစိန်တင့်သည့်

သရုပ်ဆောင်နိုင်လူ၏အဖေဖြစ်သလို့ဧရာဝတီတိုင်း လပွတ္တာဇာတိဖွား အဖဦးမောင်တင့်အမိဒေါ်အေးစိန်တို့မှမွေးဖွားသည့်မွေးချင်း (၄) ယောက်အနက် တစ်ဦးတည်းသောသားဖြစ်သည် ငယ်စဉ်မှစ၍ပရဟိတလုပ်ငန်းများလူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့သလို့မြန်မာနိုင်ငံကြက် ခြေနီအသင်းမှပေးအပ်ခဲ့သည့်အထူးစံပြကြက်ခြေနီတံဆိပ်ကိုရရှိခဲ့ပြီးရှေ့နေဘွဲ့ကိုလည်ရရှိခဲသည် .......

Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account
Photo Credit - Naing Lu fb account

၁၉၉၀နောက်ပိုင်းတွင်ရုပ်ရှင်လောကသို့ဝင်ရောက်ခဲ့ပြီးဗီဒီယိုဇာတ်ကားပေါင်း၅၀၀ခန့်တွင့်သရုပ်ဆောင်ပါဂင်ခဲ့ပြီး၂.၁၂.၂၀၁၂တွင်ကွယ်လွန်ခဲ့သည် အသက်(၆၄) နှစ်တွင်ကွယ်လွန်ခဲ့သည်....နှစ်ပေါင်းဘယ်လောက်ကြာကြာ အဖေသွန်သင်ခဲ့သည့် ဆုံးမစကားများကိုနှလုံးသွင်းရင်း နေ့စဉ်သတိရလျှက်ပါအဖေ

အဖေနှင့်စကားပြောရင်း မိုးလင်းသွားခဲ့သည့်ရက်တွေသတိရလျှက်ပါ အဖေမိဘဆရာသမားကျေးဇူးရှင်တို့၏ ကျေးဇူးတရားကို သိတတ်ဖော်ပြခြင်းသည်လည်း မင်္ဂလာပါအဖေ နေ့စဉ်ပြုလုပ်သည့်ကောင်းမှုတိုင်းကို အဖေကိုအမျှပေးဝေလျှက်ပါအဖေ ....ရောက်ရှိနေသည်ဘုံဘဝမှ အဖေသာဓုခေါ်ဆိုနိုင်ပါစေ လက်နှင့်တောင်ရိုက်ဖို့မရွယ်ဖူးခဲ့သည့် ကျေးဇူးရှင်အဖေ ..အဖေရဲ့သား နိုင်လူ " ဆိုပြီး ဝမ်းနည်းစရာ ရေးသားထားပါတယ်။

သတင်း အရင်းအမြစ်Source - Naing Lu fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T