အလှဆုံးအသွင်အပြင်ဖြစ်ပေမဲ့ အဆိပ်ရှိနေတဲ့ Nerium Oleander ပန်းများ

//s9.kh1.co/5a/5acc00e176e82e3fc324992f67c7a21ddaf9f3e7.jpg
MPT

 ၀၉-သြ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

အလှဆုံးအသွင်အပြင်ဖြစ်ပေမဲ့ အဆိပ်ရှိနေတဲ့ Nerium Oleander ပန်းများ

ပန်းရောင်ပွင့်ဖတ်လေးတွေနှင့် အတော်လေးလှတယ်လို့သတ်မှတ်နိုင်တဲ့ ဒီပန်းတွေဟာ အသွင်အပြင်နှင့်မသက်ဆိုင်တဲ့အဆိပ်ကိုပိုင်ဆိုင်ထားကြပါတယ်။ အဖြူရောင်အမျိုးအစားလည်းရှိတဲ့ဒီအပင်ဟာ ပန်းပွင့်တွေသာမက အပင်ပုံစံကိုကလှနေတာကြောင့်နာမည်ကြီးပါတယ်။ ဒါပေမဲ့ ဒီအပင်ဟာအဆိပ်ရှိတဲ့အပင်တွေထဲက တစ်ပင်ဖြစ်ပြီးတော့ သူ့အဆိပ်ဟာလည်းပြင်းထန်ပါတယ်။

https://s9.kh1.co/__image/w=450,h=600,q=100/30/30f207dca953b18864f0427b4ee0e35c7a7c8865.jpg

ပန်းရဲ့အစိတ်အပိုင်းတွေကိုစားလိုက်မိပြီး အစာခြေလိုက်တာနှင့်‌အော့အန်တာ ဖျားနာတာ အပြင်းအထန်ဝမ်းသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီအဆိပ်သင့်မှုဟာ အားအင်ကုန်ခမ်းပြီးတော့ နောက်ဆုံးမှာအသက်ကိုပါအန္တာရာယ်ပေးနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် အပင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကတောင်မှ အရေပြားယားယံတာ အနီကွက်တွေဖြစ်တာမျိုးကိုဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=834,q=100/d3/d3c9999affaddadaebbf286d4d33b8cdead8e09e.jpg

လူတွေဟာဒီအပင်ရဲ့ပုံပန်းသွင်ပြင်ကြောင့် အဆိပ်ရှိနေတယ်ဆိုတာကိုမယုံကြည်ကြပါဘူး။ ဒါပေမဲ့ ပန်းရဲ့အဆိပ်ဟာ ပန်းဝတ်ရည်ကိုစုတ်ယူပြီးဖန်တီးထားတဲ့ပျားရည်ကိုစားရင်တောင်မှ အကျိုးသက်ရောက်မှုရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်သူတို့ရဲ့အဆိပ်ဟာအတော်လေးပြင်းထန်တယ်ဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T