အရေပြားပေါ်မှာ သေရာပါအမှတ်အသားတွေဖြစ်အောင်လုပ်နိုင်တဲ့ Bulldog ပုရွက်ဆိတ်များ

//s9.kh1.co/7c/7cc4eab604bf2de0a54d62c7a84b83b81e14d53a.jpg
MPT

 ၀၉-သြ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ လ က

အရေပြားပေါ်မှာ သေရာပါအမှတ်အသားတွေဖြစ်အောင်လုပ်နိုင်တဲ့ Bulldog ပုရွက်ဆိတ်များ

ပုရွက်ဆိတ်တွေဟာ အကောင်အရွယ်အစားအားဖြင့်အတော်လေးသေးငယ်တယ်လို့ဆိုနိုင်ပေမဲ့ ထူးခြားတဲ့အကောင်တွေဖြစ်ပါတယ်။ အဖွဲ့လိုက်နေထိုင်ကြတဲ့အကောင်တွေဖြစ်တာကြောင့် အုပ်စုလိုက်စည်းလုံးမှုပြင်းထန်ပြီးတော့ တစ်ချို့ပုရွက်ဆိတ်တွေမှာဆိုရင် တော်တော်လေးပြင်းထန်တဲ့အဆိပ်တွေကိုတောင်မှပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ Bulldog ပုရွက်ဆိတ်တွေဟာလည်း အဆိပ်အပြင်းဆုံးလို့သတ်မှတ်နိုင်တဲ့မျိုးစိတ်တွေထဲကတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=433,q=100/ca/ca4408e05bafcbbd91f355e015c3dcf87debd838.jpg

သူတို့ဟာ ဩစတေးလျနှင့် နယူးကာလီဒိုနီးယား တွေမှာတည်ရှိပြီးတော့ ဒေသခံတွေကြောက်ကြတဲ့ပုရွက်ဆိတ်တွေလည်းဖြစ်ပါတယ်။ အဝါရောင်မေးရိုးနှင့် အနီရင့်ရောင်နှင့်အညိုရောင်ခန္ဓာကိုယ်ရှိကြတဲ့သူတို့ဟာ ပြင်းထန်တဲ့အဆိပ်အပြင် ကြောက်စရာကောင်းတဲ့အသွင်အပြင်ရှိတာကြောင့်လည်းနာမည်ကြီးပါတယ်။

https://s9.kh1.co/__image/w=564,h=402,q=100/3e/3e281c78e4372c26c8346c97baec0c1efd6f77ca.jpg

သူတို့ရဲ့အဆိပ်တွေဟာ လူသားတွေရဲ့အရေပြားကိုဆိုးဆိုးဝါးဝါးလောင်ကျွမ်းသွားစေတာဖြစ်ပါတယ်။ ပြင်းထန်တဲ့အက်ဆစ်လိုမျိုးဖြစ်ပြီးတော့ အသားအရေကိုသေရာပါအမာရွက်ပြီးဖြစ်သွားစေတဲ့အပြင် အဆမတန်နာကျင်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းကြောင့်ပဲ Bulldog ပုရွက်ဆိတ်တွေဟာ ဂင်းနစ်စံချိန်မှာအန္တာရာယ်အရှိဆုံးကောင်တွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T