ဂျပန်နိုင်ငံက ကြောင်တွေအများကြီးနေထိုင်နေကြတဲ့ ကြောင်ကျွန်း

//s9.kh1.co/a2/a260af85b328d9aeeb70904842ef9cfa1a01a15e.jpg
MPT

 ၀၇-သြ-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

ဂျပန်နိုင်ငံက ကြောင်တွေအများကြီးနေထိုင်နေကြတဲ့ ကြောင်ကျွန်း

ဂျပန်နိုင်ငံကကျွန်းတစ်ကျွန်းဟာ ကျွန်းပေါ်မှာနေထိုင်တဲ့လူဦးရေနှင့်ကြောင်အကောင်ရေဟာအတော်လေးကိုအံ့ဩစရာကောင်းအောင်ကွာခြားနေတာဖြစ်ပါတယ်။ ကျွန်းပေါ်မှာနေထိုင်တဲ့သူ အယောက် ၁၀၀ ဝန်းကျင်ရှိတဲ့ချိန် ကြောင်အကောင်ရေက တစ်ထောင်နီးပါးရှိနေတာဖြစ်ပါတယ်။  Tashirojima ကျွန်းလို့ခေါ်တဲ့ဒီကျွန်းဟာနာမည်ရင်းထက် ကြောင်ကျွန်းဆိုပြီးတော့ပဲပိုပြီးလူသိများနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=423,q=100/98/98053b43175e6e1d0d98aac6dfa6ae6743ff0a26.jpg

ကျွန်းပေါ်ကဒေသခံတွေဟာ ကျွန်းနေရာအနှံ့မှာကြောင်လေးတွေရှိနေတာကိုသဘောကျကြပြီးတော့ အထူးတလည်စိတ်အနှောင့်အယှက်ဖြစ်ကြတာမျိုးမဖြစ်ကြပါဘူး။ ဒါ့အပြင် ကြောင်လေးတွေကလည်းအတော်လေးလူယဥ်ပြီးတော့ ချစ်ဖို့ကောင်းတာကြောင့် ကျွန်းရဲ့ဆွဲဆောင်မှုတစ်ခုလိုမျိုးတောင်ဖြစ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=376,q=100/97/97c0979243dbe1dc52855e4e83dec11e0c308d45.jpg

လက်ရှိအချိန်မှာကြောင်ကျွန်းဟာ ဂျပန်နိုင်ငံရဲ့ခရီးသွားတွေစိတ်ဝင်စားတဲ့အဓိကနေရာတစ်ခုဖြစ်လာပါတယ်။ ကြောင်လေးတွေကိုလွတ်လွတ်လပ်လပ်ရှင်သန်ခိုင်းတဲ့အပြင် လူဦးရေနည်းပါးလွန်းတာကြောင့် ကြောင်လေးတွေပဲသီးသန့်နေတဲ့ကျွန်းလေးလို့တောင်ထင်မှတ်မှားရတဲ့ဒီကျွှန်းဟာ ဒီဇင်ဘာကနေပြီး ဧပရယ်လအတွင်းမှာသွားရောက်လည်ပတ်ဖို့အကောင်းဆုံးဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T