Seventeen ဟာလက်ရှိအချိန်ကေပေါ့အိုင်ဒေါတွေထဲမှာ အတော်လေးထိပ်တန်းအဆင့်မှာရှိနေတဲ့အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့အနေနှင့် ၂၀၂၃ အစောပိုင်းကတည်းက ကြောက်စရာကောင်းလောက်အောင်ပြင်းထန်တဲ့အောင်မြင်မှုတွေဆက်တိုက်ရခဲ့ပြီးတော့ ဘယ်ကေပေါ့အဖွဲ့မှမရဖူးသေးတဲ့စံချိန်မတ်တမ်းတွေကိုပါရထားတာဖြစ်ပါတယ်။ Pre order မှာယူမှု သန်းကျော်ခဲ့တဲ့အပြင် လက်ရှိအချိန်အရောင်းရဆုံးအယ်လ်ဘမ်ကိုပါပိုင်ဆိုင်ထားတဲ့အဖွဲ့ဖြစ်နေဆဲဖြစ်ပါတဘ်။

FML Seventh Heaven The Best Album အစရှိတဲ့အယ်လ်ဘမ်တွေဟာ အကြိုမှာယူမှုတွေမှာ စံချိန်တင်မှတ်တမ်းတွေရထားပြီးတော့ လက်ရှိအချိန်ထိလည်းရောင်းအားအကောင်းဆုံးဖြစ်နေဆဲပဲဖြစ်ပါတယ်။ ပွဲဦးထွက်သက်တမ်း ကိုးနှစ်ပြည့်ပဲရှိသေးပေမဲ့ အဖွဲ့ကတော့ ခန့်မှန်းလို့မရလောက်အောင် ကြီးထွားအောင်မြင်နေတာလည်းဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၃ ယောက်ပါဝင်တဲ့ သူတို့ဟာ ဒီနှစ်နောက်ပိုင်းမှာ ၁၂ ကြိမ်မြောက်အယ်လ်ဘမ်တစ်ခုကိုထုတ်ဝေလာမှာဖြစ်ပြီး အယ်လ်ဘမ်အပြီးမှာပဲကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဆက်တိုက်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်သူတို့ဟာ ဂျပန်ဖက်မှာလည်း အယ်လ်ဘမ်အသစ်ထုတ်ပြီး ဖျော်ဖြေပွဲတွေလုပ်ကြအုံးမှာဖြစ်ပါတယ်။