ယူဂျယ်ဆော့အပေါ်ရိုင်းပြတယ်ဆိုပြီးနာမည်ကြီးနေတဲ့ မင်းသမီးကြီး ဂျွန်ဒိုယွန်း

//s9.kh1.co/6a/6a9126aa889fbebed42b4a667aedb59fc0af5b81.jpg
MPT Korea Celebrity

 ၁၁-သြ-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

ယူဂျယ်ဆော့အပေါ်ရိုင်းပြတယ်ဆိုပြီးနာမည်ကြီးနေတဲ့ မင်းသမီးကြီး ဂျွန်ဒိုယွန်း

မင်းသမီးဂျွန်ဒိုယွန်းဟာ မကြာသေးခင်တုန်းက ယူဂျယ်ဆော့ရဲ့ရှိုးတစ်ခုကိုအတူသရုပ်ဆောင်တဲ့ မင်းသမီးလင်းဂျီယွန်းနှင့်အတူသွားခဲ့ပါတယ်။ ယူဂျယ်ဆော့နှင့် ဂျွန်ဒိုယွန်းတို့ဟာ ကျောင်းတုန်းကတစ်တန်းတည်းဖြစ်ခဲ့ကြပြီးတော့ အခုချိန်မှာနှစ်ယောက်စလုံးဟာနယ်ပယ်အသီးသီးမှာထိပ်တန်းဖြစ်နေကြတာပါ၊။

https://s9.kh1.co/__image/w=564,h=611,q=100/75/75f2ffa24558c151c8466401c221bc22ae74e7db.jpg

မင်းသမီးဖက်ကနေပြီး ယူဂျယ်ဆော့နှင့် သူဟာမရင်းနှီးကြတာကြောင့် အခုလိုမျိုးရင်းနှီးသလိုစကားပြောရတာ အနေရခက်ကြောင်းပြောခဲ့တာပါ။ ဒါ့အပြင်ရှိုးတစ်ခုလုံးမှာသူမဟာ ယူဂျယ်ဆော့နှင့်မရင်းနှီးတဲ့ပုံစံတွေ အနေခက်မှုတွေကိုပြနေတာကြောင့် ပရိတ်သတ်တွေကအတော်လေးဝေဖန်ခဲ့ကြတာပါ။ နောက်အင်တာဗျုးတစ်ခုမှာလည်း သူမဟာယူဂျယ်ဆော့နှင့်ပတ်သက်ပြီးဖြေတဲ့အဖြေတွေကြောင့်ထပ်ပြီးပိုဆိုးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/a2/a289c98b0217e8bdff26f92737d6319a4fca4edd.jpg

သူမဟာသူနှင့်ယူဂျယ်ဆော့တို့ဟာကျောင်းအတူတက်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကလွဲရင် တစ်ခြားအကြောင်းဘာမှမရှိကြောင်း နှစ်ယောက်သားဟာသူငယ်ချင်းတွေဖြစ်ဖို့အတော်လေးခက်ခဲမယ့်အကြောင်းပြောခဲ့တာပါ။ ပရိတ်သတ်တွေကလည်း ယူဂျယ်ဆော့ကသူ့ကိုရှိုးမှာအနေမခက်စေဖို့ကူညီပေးနေချိန်မှာ သူကတော့ယူဂျယ်ဆော့ကိုအတော်လေးခင်မင်ချင်နေပုံမရဘူးဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T