Jimin ရဲ့အဖေဖြစ်သူဟာ ဘူဆန်မြို့မှာCafe ဆိုင်ဖွင့်ထားပြီးတော့ ဆိုင်အတွင်းပိုင်းဟာ BTS နှင့်ပတ်သက်တဲ့အလှဆင်မှုတွေရှိတာကြောင့်နာမည်ကြီးပါတယ်။ အထူးသဖြင့် သားဖြစ်သူ ဂျီမင်းနှင့်ဆိုင်တဲ့ အလှဆင်မှုတွေအပါအဝင် ဂျီမင်းရဲ့ ပုံရိပ်တွေလည်းရှိတာကြောင့် ဘူဆန်ရဲ့နာမည်ကြီးဆိုင်တစ်ဆိုင်အဖြစ်သတ်မှတ်ခံရတာပါ။

ဒါပေမဲ့ ဂျီမင်းအဖေဟာမကြာသေးခင်က ZMILLENIAL ဆိုတဲ့ဆိုင်နာမည်အောက်ကနေတစ်ဆင့် တွေရောင်းချလာခဲ့ပါတယ်။ ဒီထဲမှာ အဝတ်အထည်အပါအဝင် ပန်ကာ ဦးထုပ် တီရှပ် ဟူဒီ ဘောပင် စာအုပ်အပါအဝင် နေ့စဥ်သုံးပစ္စည်းတော်တော်များများပါဝင်နေတာဖြစ်ပါတယ်။ ပစ္စည်းတွေအကုန်လုံးနီးပါးဟာ ဂျီမင်းနှင့်သက်ဆိုင်တဲ့အရာတွေရှိပြီးတော့ ဈေးနှုန်းကလည်းအတော်လေးမြင့်မားနေတာဖြစ်ပါတယ်။

လက်ကိုင်ပန်ကာလေးတစ်ခုတောင်မှ ဒေါ်လာသုံးဆယ်လောက်ရှိနေတာကြောင့် ဒီပစ္စည်းတွေဟာအတော်လေးဈေးများတယ်လို့သတ်မှတ်နိုင်တဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျီမင်းဖခင်ဟာသူ့ရဲ့လက်မှတ်ပါဝင်တဲ့အင်္ကျီကိုပါရောင်းချခဲ့တာကြောင့် ပရိတ်သတ်တွေက အတော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သားဖြစ်သူကိုပိုက်ဆံရဖို့အသုံးချနေတယ်ဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။