လီဒိုဟွန်းနှင့်အချစ်ရေးအကြောင်းကိုပြောပြလာခဲ့တဲ့ မင်းသမီးလင်းဂျီယွန်း

//s9.kh1.co/ca/caec94aade57ef668ea000855744835c3b5d9bd0.jpg
MPT Korea Celebrity

 ၀၅-သြ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

လီဒိုဟွန်းနှင့်အချစ်ရေးအကြောင်းကိုပြောပြလာခဲ့တဲ့ မင်းသမီးလင်းဂျီယွန်း

မင်းသမီးလင်းဂျီယွန်းဟာမကြာသေးခင်တုန်းကအင်တာဗျုးတစ်ခုမှာချစ်သူကောင်လေးဖြစ်သူအကြောင်းကို ထည့်သွင်းဖြေကြားသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာနာမည်ကြီးဇာတ်ကားဖြစ်တဲ့ The Glory မှာစတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဒရာမာရိုက်ကူးထုတ်လွှင့်ပြီးသိပ်မကြာခင်မှာပဲ တွဲနေတဲ့သတင်းတွေကိုအတည်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=550,h=733,q=100/62/628430a12a992d563a2fdb6628e92ca42271c561.jpg

နှစ်ယောက်သားဟာ မကြာသေးခင်ကကျင်းပခဲ့တဲ့ Beaksang Art Award ဆုပေးပွဲမှာလည်း တစ်ယောက်ကိုတစ်ယောက်ကျေးဇူးတင်ကြောင်းပြောခဲ့ကြပါသေးတယ်။ ဒီလိုအကြောင်းပြချက်တွေကြောင့် လီဒိုဟွန်းအနေနှင့်စစ်မှုထမ်းနေတဲ့ကာလဖြစ်ပေမဲ့ အခုချိန်ထိလက်တွဲမြဲနေတာဖြစ်ပါတယ်။ အင်တာဗျုးမှာ လင်းဂျီယွန်းက သူတို့နှစ်ယောက်အနေနှင့် အချိန်သိပ်မရတာကြောင့် အလုပ်ကိစ္စတွေကိုမပြောဖြစ်ဘူးလို့ပြောပါတယ်။

https://s9.kh1.co/__image/w=564,h=938,q=100/52/524ee3466d50cfe00f9d9cd610736b9f2a455f60.jpg

ဒါပေမဲ့ နှစ်ယောက်သားဟာ အချင်းချင်းနားလည်ပေးပြီးတော့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတယ်လို့လည်းပြောခဲ့ပါတယ်။ လီဒိုဟွန်းဟာသူ အကောင်းဆုံးလူသစ်သရုပ်ဆောင်ဆုရတုန်းက မင်းသမီးလင်းဂျီယွန်းနာမည်ကိုတိုက်ရိုက်ပြောပြီး သူ့ဘေးနားရှိနေပေးလို့ ကျေးဇူးတင်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T