ကေပေါ့ရဲ့ Legendary တစ်ယောက်ဖြစ်တဲ့ G Dragon ဟာဆယ်စုနှစ်နှစ်ခုစာနီးပါးလက်တွဲလာခဲ့တဲ့အေဂျင်စီဖြစ်တဲ့ YG နှင့် ၂၀၂၃ မှာလမ်းခွဲခဲ့တာဖြစ်ပါတယ်။ GD ဟာစတိတ်စင်နာမည်ဖြစ်တဲ့ G Dragon ကိုသုံးပြီးတော့ မြောက်များလှတဲ့ သီချင်းတွေ အလုပ်တွေကိုဖန်တီးထားတာဖြစ်ပါတယ်။
ပုံမှန်အားဖြင့်ကေပေါ့အိုင်ဒေါတွေဟာ သူတို့နေရင်းကုမ္မဏီကနေထွက်ခွာလာတဲ့အချိန် ကုမ္မဏီကနေဖန်တီးပေးခဲ့တဲ့ အဖွဲ့နာမည်တွေ တစ်ကိုယ်တော်စတိတ်စင်နာမည်တွေကိုပါ ပိုင်ဆိုင်ခွင့်မရကြပါဘူး။ တစ်ချို့အဖွဲ့တွေဆိုရင် ဒီအကြောင်းတွေကြောင့် အဖွဲ့နာမည်ကိုပြောင်းလဲပြီးမှ အနုပညာအလုပ်တွေဆက်လုပ်ကြတာမျိုးတောင်ရှိပါတယ်။ ဒီလိုကုမ္မဏီဆီကနေ နာမည်မူပိုင်ခွင့်ရယူရတဲ့လုပ်ငန်းစဥ်ဟာကြာမြင့်ပြီးတော့ ရှုပ်ထွေးတတ်ပါတယ်။
အထူးသဖြင့် အောင်မြင်တဲ့သီချင်းကောင်းတွေအများကြီးရေးသားထားတဲ့ GD အတွက်ဆို ဒီနာမည်မူပိုင်ခွင့်ကိုပြန်ရဖို့ဆိုတာအတော်လေးခက်မယ်လို့ပရိတ်သတ်တွေကထင်ခဲ့ကြတာပါ။ ဒါပေမဲ့ YG ဖက်ကနေပြီးတော့ သူတို့အနေနှင့် နာမည်မူပိုင်ခွင့်ကိုကျေကျေနပ်နပ်ပေးခဲ့တာဖြစ်ကြောင်းနှင့် GD အနေနှင့် နာမည်မူပိုင်ခွင့်အတွက်ဘာမှပြန်ပေးစရာမလိုဘဲ ကုမ္မဏီဖက်ကနေအလွယ်တကူလွှဲပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။