Mingyu အကြောင်းကိုမဟုတ်မမှန်သတင်းတွေတင်နေတာကြောင့် ဝေဖန်ခံနေရတဲ့မီဒီယာများ

//s9.kh1.co/1e/1eed9af8cd7a5200e8a6f5dea047ca8414bc9b3c.jpg
MPT Korea Celebrity

 ၀၅-သြ-၂၀၂၄ ၈am · လွန်ခဲ့သော ၅ လ က

Mingyu အကြောင်းကိုမဟုတ်မမှန်သတင်းတွေတင်နေတာကြောင့် ဝေဖန်ခံနေရတဲ့မီဒီယာများ

မကြာသေးခင်တုန်းက မီဒီယာတစ်ခုကနေပြီး Seventeen အဖွဲ့ဝင် Mingyu နှင့်ပတ်သက်တဲ့သတင်းတွေကိုတင်လာခဲ့ပါတယ်။ သတင်းတွေအရ မင်းဂယူဟာ ကလပ်မှာအချိန်အတော်ကြာနေခဲ့ပြီးတော့ အရက်သောက်ပြီးမိန်းကလေးတွေကိုပါခေါ်ခဲ့တယ်လို့ဆိုပါတယ်။ သက်သေအနေနှင့်ဝါးနေတဲ့ပုံတစ်ပုံကိုပါတင်ပေးထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/7d/7dcb225e321cf593a6088f1cd4680706d8db67be.jpg

သတင်းတွေထွက်လာပြီးမကြာခင်မှာပဲ ပရိတ်သတ်တွေဟာ မင်းဂယူဖက်ကနေပြီးတော့ပြန်ကာကွယ်ပေးလာတာဖြစ်ပါတယ်။ စွပ်စွဲတဲ့သူပြောတဲ့ရက်မှာ မင်းဂယူဟာပရိတ်သတ်တွေနှင့်တွေ့ဖို့အတွက် ဆိုရှယ်မီဒီယာကနေတစ်ဆင့် Live တောင်လွှင့်ခဲ့တာဖြစ်ပါတယ်။ စွပ်စွဲသူပြောသလိုမျိုး ကလပ်သွားခဲ့ရင် အခုလိုအချိန်မှာ Live လွှင့်နိုင်မှာမဟုတ်ဘူးဆိုပြီးပြန်ချေပခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/db/db24ccba77ad02514db55c5301fe1ab8a8cd21ad.jpg

ဒါ့အပြင် မင်းဂယူလို့တင်ထားတဲ့ပုံဟာလည်း ဆံပင်ပုံစံကအစတူညီတာမရှိဘဲ ဝါးတားနေတာကြောင့် အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေလုပ်နေတယ်ဆိုပြီးဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ မင်းဂယူဟာအရင်တုန်းကလည်း 1997 ဖွားအိုင်ဒေါတွေဖြစ်တဲ့ BTS JungKook Cha Eun Woo အပါအဝင်တစ်ခြားသူတွေနှင့်အတူ ကလပ်ကိုသွားခဲ့ကြတယ်ဆိုပြီးစွပ်စွဲခံခဲ့ရဖူးပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T