တောင်ကိုးရီးယားရဲ့နာမည်ကြီးဟစ်ဟော့သမားတစ်ယောက်ဖြစ်ပြီးတော့ Show Me the Money Show ရဲ့ ဒိုင်တစ်ယောက်ဖြစ်တဲ့ San E ဟာရဲစခန်းတစ်ခုကနေပြီးကိုယ်ထိလက်ရောက်ကျုးလွန်တယ်ဆိုပြီးစွပ်စွဲခံနေရတာဖြစ်ပါတယ်။ အမှုအရ ပန်းခြံတစ်ခုဟာ San E ဟာဖြတ်သွားတဲ့သူတွေကိုစက်ဘီးသေချာမစီးဘူးဆိုပြီး သူ့ဖုန်းနှင့်ပစ်ပေါက်တာလိုမျိုးလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် နစ်နာသူတွေဟာမျက်နှာနှင့်သွားတွေမှာထိခိုက်ဒဏ်ရာတွေရခဲ့တာကြောင့် ရဲစခန်းကိုတိုင်ကြားစာပေးပို့ခဲံကြတာဖြစ်ပါတယ်။ ရဲစခန်းဖက်ကနေပြီး ကျုးလွန်သူကို San E လို့တိုက်ရိုက်မပြောထားပေမဲ့ အသက်အရွယ်နှင့်ဖော်ပြချက်တွေအရ San E ဖြစ်ကြောင်းသေချာနေတာဖြစ်ပါတယ်။ သူဟာအရင်တုန်းကလည်း အလားတူဆင်တူတဲ့ပြစ်မှုနှင့် သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။
San E ဟာ ၂၀၁၀ မှာပွဲဦးထွက်ခဲ့တာဖြစ်ပြီးတော့ ပွဲဦးထွက်ပြီးတာနှင့်သူ့ရဲ့ပြောင်မြောက်တဲ့အရည်အချင်းတွေကြောင့် ကိုးရီးယားဟစ်ဟော့လောကမှာချက်ချင်းနေရာရလာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Rap ပြိုင်ပွဲတွေမှာ ဒိုင်အဖြစ်လုပ်ဆောင်ရင်းနာမည်ဆက်တိုက်ကြီးခဲ့တာဖြစ်ပါတယ်။