အရောင်ငါးရောင်ရှိနေတဲ့ ကိုလံဘီယာကမြစ်တစ်စင်း

//s9.kh1.co/9a/9a258a0551d335e569b47faf5b2f789f343743ea.jpg
MPT

 ၀၅-သြ-၂၀၂၄ ၈am · လွန်ခဲ့သော တစ်လ က

အရောင်ငါးရောင်ရှိနေတဲ့ ကိုလံဘီယာကမြစ်တစ်စင်း

သက်တံ့မြစ်လို့တင်စားခေါ်ဝေါ်ကြတဲ့ ကိုလံဘီယာကဒီမြစ်ဟာ ကမ္ဘာပေါ်မှာအတော်လေးထူးခြားတဲ့နေရာအဖြစ်အသိအမှတ်ပြုခံရတဲ့နေရာဖြစ်ပါတယ်။ ဒီမြစ်ဟာတစ်ခြားသာမာန်မြစ်တွေလို ပြာလဲ့နေတဲ့ရေတွေပဲရှိနေတာမဟုတ်ဘဲ အရောင်စုံလိုမျိုးပြောင်းလဲနေတာဖြစ်ပါတယ်။ မြစ်ဟာ အနီရောင် အဝါရောင် အစိမ်းရောင်နှင့် အပြာရောင်တွေရောစပ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=808,q=100/73/734825efaf700270cc1765042ef2ecbaeb57e67f.jpg

မြစ်အတွင်းက ရေထဲမှာပေါက်တတ်တဲ့အပင်တစ်မျိုးကြောင့် မြစ်ရေဟာနွေရာသီရောက်တိုင်းအနီရောင်အဖြစ်ကိုကူးပြောင်းသွားပါတယ်။ တစ်ဖက်မှာလည်း ရေအောက်ကအပင်တွေကြောင့်မြစ်ရဲ့တစ်ဖက်ခြမ်းဟာအဝါရောင်အဖြစ်ထပ်ပြီးတောက်ပနေတတ်ပါတယ်။ အစိမ်းရောင်ရေညှိတွေကြောင့် အစိမ်းရောင်ရေပြင်ဖြစ်နေသလို ရေညှိရှင်းတဲ့နေရာမှာဆိုရင် အပြာရောင်နှင့်အဖြူရောင်လိုပါဖြစ်နေတာကြောင့် အရောင်ငါးမျိုးစုံတဲ့မြစ်ပြင်လိုမျိုးဖြစ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=352,q=100/80/80dc55b572ae536a40875b6820281430cb4085f0.jpg

ဒီမြစ်ဟာကိုလံဘီယာရဲ့ခရီးသွားဧည့်သည်တွေအဓိကစိတ်ဝင်စားကြတဲ့နေရာဖြစ်ပြီးတော့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေသဘောကျကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မြစ်ရေဟာတစ်ချိန်လုံးအရောင်စုံနေတာမဟုတ်ဘဲ တစ်ချို့ရာသီနှင့်အချိန်တွေမှာလည်း အခုလိုမျိုးထူးခြားတဲ့ငါးရောင်စပ်မြစ်ဖြစ်နေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T