အဖွဲ့လိုက်ပြန်မြင်ရတော့မယ့် 2NE1

//s9.kh1.co/72/72dfe8c813bb88814ae170d8f54f669449a15560.jpg
MPT Korea Celebrity

 ၀၁-သြ-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

အဖွဲ့လိုက်ပြန်မြင်ရတော့မယ့် 2NE1

K pop ရဲ့ Legendary Girl Group အဖွဲ့ဖြစ်ခဲ့တဲ့ 2NE1 ဟာမကြာခင်မှာ အဖွဲ့ဝင်စုံစုံညီညီနဲ့ ပြန်လှုပ်ရှားကြတော့မှာဖြစ်ပါတယ်။ Park Bom Sandra CL Minzy တို့ပါဝင်တဲ့ ဒီအဖွဲ့ဟာ YG လက်အောက်ကနေပွဲဦးထွက်လာပြီး အိုင်ဒေါတွေရဲ့ကန့်သတ်ချက်တွေကိုကျော်လွန်ပြီး အောင်မြင်ခဲ့ကြတဲ့အဖွဲ့ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1157,q=100/80/805df6f87a1c9b05c57f72fb822ae5bff1d06e5c.jpg

အောင်မြင်နေတုန်းမှာပဲ အဖွဲ့ဝင်တွေရဲ့ မကောင်းသတင်းတွေ စွပ်စွဲခံရတာတွေကြုံတွေ့လာရပြီးတော့ အဖွဲ့ကိုကုမ္မဏီဖက်ကနေပြီး တစ်ဖက်သတ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဖျက်သိမ်းပြီးနောက်မှာတောင်မှာ သူတို့ပရိတ်သတ်တွေဟာ အဖွဲ့အပေါ်သစ္စာရှိရှိနဲ့စောင့်နေပေးကြပြီး မန်ဘာတစ်ယောာက်ချင်းစီတိုင်းရဲ့အလုပ်တွေကိုအားပေးခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/b2/b2a1a60e07b7b26fd497aa42a826a0eca058fe94.jpg

အဖွဲ့ကွဲပြီးနောက်မှာ ကိုယ်စီသီးသန့်အေဂျင်စီတွေမှာ ‌ဆက်ပြီးဂီတအလုပ်တွေလုပ်ခဲ့ကြတဲ့သူတို့ဟာ Coachella ပွဲတော်တစ်ခုမှာ  ပထမဆုံးအနေနဲ့လေးယောက်လုံးဆုံပြီး ဖျော်ဖြေမှုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် YG ဖက်ကနေပြီး ကြေညာချက်အရ 2025မှာ အဖွဲ့ဟာ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေလုပ်သွားမှာဖြစ်တယ်လို့ပါသိရပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T