ကမ္ဘာ့အလုပ်ရှုပ်ဆုံးလို့သတ်မှတ်ထားကြတဲ့ ဒိုင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်

//s9.kh1.co/65/65b4f78125826a6dc76df88d553e7c1757cd1801.jpg
MPT

 ၃၁-လိုင်-၂၀၂၄ ၄pm · လွန်ခဲ့သော ၅ လ က

ကမ္ဘာ့အလုပ်ရှုပ်ဆုံးလို့သတ်မှတ်ထားကြတဲ့ ဒိုင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်

အမေရိကန်ရဲ့အကြီးဆုံးလေဆိပ်ဖြစ်တဲ့ ဒိုင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ စတုရန်းမိုင်ပေါင်း ၅၃ မိုင်ရှိပြီး ပြေးလမ်းအရှည်မိုင်ပေါင်း သုံးမိုင်ရှိပါတယ်။ ဒီပြေးလမ်းတွေဟာ ကမ္ဘာပေါ်ကလေဆိပ်တွေထဲမှာ အရှည်ဆုံးပြေးလမ်းတွေပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ နှစ်စဥ်ခရီးသည်ပေါင်း ၆၉ သန်းကျော်ဝင်ထွက်နေတဲ့လေဆိပ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/1d/1d6ab2a3ac09b8f05d4cb90c64f26e9ebdfef093.jpg

ဒီလေဆိပ်ဟာ ကမ္ဘာပေါ်ကလေဆိပ်တွေထဲမှာ အလုပ်အရှုပ်ဆုံးလေဆိပ်တစ်ခုဖြစ်ပြီးတော့ နိုင်ငံတကာအချက်အချာကျတဲ့လေဆိပ်ဖြစ်တာကြောင့် လေကြောင်းလိုင်း ၂၅ လိုင်းအထိဝန်ဆောင်မှုပေးနေပါတယ်။ လေဆိပ်အတွင်းမှာလေယာဉ်တွေဟာ မိနစ်ခြားထွက်ခွာနေတာဖြစ်ပြီးတော့ အတော်လေးလူထူထပ်တဲ့လေဆိပ်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/a2/a299be3517c7566642d130e7247f8e6a5fe6639c.jpg

လေဆိပ်ဟာ တစ်ရက်ကိုခရီးစဥ်ပေါင်း ၂၁၅ ကျော်ပြေးဆွဲနေပြီးတော့ လေဆိပ်အဆောက်အအုံအတွင်းမှာ ဇိမ်ခံပစ္စည်းအရောင်းဆိုင်တွေနှင့် စား‌ေသာက်ဆိုင်ပေါင်း  ၁၅၀ ကျော်ဖွင့်လှစ်ထားပါတယ်။ လေဆိပ်ဟာ ပုံမှန်မြို့တစ်မြို့စာနီးပါး ကျယ်တဲ့အပြင် အတွင်းမှာတင် စားသောက်ခန်းအစ အဝတ်အစားဆိုင်အဆုံးအကုန်ရှိနေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T