ဟာဝိုင်အီကျွန်းစုရဲ့ထူးခြားတဲ့အရာတစ်ခု

//s9.kh1.co/06/06b54dd9809a3d6a558fa270df4a2c3382fa432b.jpg
MPT

 ၃၁-လိုင်-၂၀၂၄ ၄pm · လွန်ခဲ့သော ၄ လ က

ဟာဝိုင်အီကျွန်းစုရဲ့ထူးခြားတဲ့အရာတစ်ခု

အပြာရောင်လှိုင်းတွေ ရေပြင်တွေနှင့် အဖြူရောင်သဲသောင်ပြင်တွေပိုင်ဆိုင်ထားပြီးတော့ အပန်းဖြေသူတွေကြားမှာနာမည်ကြီးတဲ့ ဟာဝိုင်အီကျွန်းစုမှာ လူတွေသိပ်မသိသေးတဲ့ထူးခြချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဟာဝိုင်အီကျွန်းပေါ်မှာ မြွေတွေလုံးဝနေထိုင်ခြင်းမရှိတာပဲဖြစ်ပါတယ်။
နာမည်ကြီးအပန်းဖြေကျွန်းတစ်ခုဖြစ်တဲ့ ဟာဝိုင်အီကျွန်းမှာ တစ်ခါတစ်လေ လေယာဥ်နှင့်သင်္ဘောတွေကနေပါလာတတ်တဲ့ မြွေတွေအပြင် အဝါရောင်ဗိုက်ပင်လယ်မြွေကိုလည်းတွေ့ရတတ်ပေမဲ့ ဒီမြွေတွေဟာဟာဝိုင်အီကျွန်းပေါ်မှာနေထိုင်ကြတာမဟုတ်ပါဘူး။ ကျွန်းတွေဟာပင်လယ်ရေပြင်ပတ်လည်ဝိုင်းထားတာကြောင့်မြွေတွေအနေနှင့်နေထိုင်ကျက်စားဖို့နေရာမရှိတဲ့အပြင် အခုလိုမျိုးမြွေတွေမရှိတာဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်းရဲ့အနေအထားနှင့် လူထူထပ်မှုတွေကလည်း ဒီလိုမျိုးမြွေမရှိတဲ့ကျွန်းအဖြစ်ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ခရီးသွားတွေများပြားနေပြီးတော့ လူနေထိုင်ရာဒေသတွေအလွန်များလာခြင်းကလည်း အခုလိုအခြေအနေဖြစ်လာစေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/10/10ae8fd1ed345401837130d64181a80bcc25bfd6.jpg
https://s9.kh1.co/__image/w=650,h=975,q=100/97/97d92706ef503851c3b506f7325b4b90d99a471c.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T