ဘရားဇီးနိုင်ငံက လူစိတ်အဝင်စားဆုံးခရစ်တော်ရုပ်တုကြီး

//s9.kh1.co/68/6881b5b6d93fba4fc0b051f61239bcab577bb098.jpg
MPT

 ၃၁-လိုင်-၂၀၂၄ ၄pm · လွန်ခဲ့သော ၆ လ က

ဘရားဇီးနိုင်ငံက လူစိတ်အဝင်စားဆုံးခရစ်တော်ရုပ်တုကြီး

၃၀ မီတာမြင့်မားပြီးတော့ ၂၈ မီတာအကျယ်ရှိတဲ့ ဒီယေရှုရုပ်တုကြီးဟာ ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီရုပ်တုကြီးကို မြို့တစ်ခုလုံးကိုမြင်တွေ့ရတဲ့ Corcovado တောင်ထိပ်မှာစိုက်ထူထားတာဖြစ်ပြီးတော့ ၁၉၃၁ မှာတည်ဆောက်ပြီးစီးသွားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=500,h=995,q=100/80/80324e551d5abe92e04e2f42cb6122893c0bbda5.jpg

ရုပ်တုကြီးဟာ စံချိန်တင်အရွယ်အစားရှိပြီးတော့ ခိုင်ခံ့တဲ့ဆောက်လုပ်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအများကြီးကိုဆွဲဆောင်နိုင်တဲ့နေရာဖြစ်လာပါတယ်။ ဒါ့အပြင်ရုပ်တုကြီးဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားသခင်ဖြစ်တဲ့ယေရှုခရစ်ပုံတော်ကိုရည်ရွယ်ပြီး တည်ဆောက်ထားတာကြောင့် ကမ္ဘာအနှံ့ကခရစ်ယာန်ဘာသာဝင်တွေရဲ့ စိတ်ဝင်စားခြင်းကိုလည်းခံနေရပါတယ်။

https://s9.kh1.co/__image/w=650,h=1047,q=100/a3/a3942d50a944744bfd7b9783f7e3f6daf7576c1a.jpg

ရုပ်တုကြီးဟာ သူ့ရဲ့ပုံပန်းကြောင့်ပဲနာမည်ကြီးတာမဟုတ်ဘဲ ဘာသာရေးနှင့်ပတ်သက်ပြီးတန်ခိုးပြမှုလိုဖြစ်ရပ်တွေကြောင့်လည်းနာမည်ကြီးပါတယ်။ ဘရားဇီးနိုင်ငံကို ပြင်းထန်တဲ့မုန်တိုင်းတွေဝင်ရောက်ချိန်မှာတောင်မှရုပ်တုဟာ မပြိုမလဲရှိနေတာကြောင့်လည်း အခုလိုမျိုးနာမည်ကြီးနေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T