ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးအင်းဆက်တွေလို့စဥ်းစားလိုက်ရင် လိပ်ပြာတွေကိုတော့ ထည့်သွင်းပြီးတော့ စဥ်းစားကြလေ့မရှိပါဘူး။ များသောအားဖြင့် အဆိပ်ပြင်းအင်းဆက်တွေဟာ ပင့်ကူတွေ ပျားတွေ နကျယ်နှင့်ပုရွက်ဆိတ်တွေပဲဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဘုရင်လိပ်ပြာတွေဟာ လူတွေကိုသေစေနိုင်လောက်တဲ့အထိပြင်းထန်တဲ့အဆိပ်ရှိနေတဲ့လိပ်ပြာတွေဖြစ်ပါတယ်။
အဝါရောင်နှင့်အနက်ရောင်စပ်ထားတဲ့ ဘုရင်လိပ်ပြာရဲ့အတောင်တွေဟာ သာမာန်လိပ်ပြာတွေလိုမျိုးပဲလှနေပါတယ်။ ဒါပေမဲ့ ဒီလိပ်ပြာရဲ့အဆိပ်ကတော့ လူတွေရဲ့နှလုံးညှစ်အားကိုတိုက်ရိုက်သက်ရောက်ပြီးတော့ ခုခံအားမကောင်းတဲ့သူတွေကိုဆိုရင် သေဆုံးသွားနိုင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ဘုရင်လိပ်ပြာတွေဟာ အဆိပ်ရှိတဲ့ Milkweed အပင်ကိုအဓိကစားသုံးကြတာကြောင့်ဖြစ်ပါတယ်။
သူတို့ဟာမြောက်အမေရိကနှင့်တောင်အမေရိကတိုက်မျိုးရင်းလိပ်ပြာတွေဖြစ်ပေမဲ့ ပူနွေးတဲ့တစ်ခြားနေရာတွေမှာပါ တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် ဆောင်းရာသီတွေမှာဆိုရင် ဒီလိပ်ပြာတွေဟာ ဆောင်းခိုဖို့အတွက် မက်ဆီကိုလိုမျိုးနွေးထွေးတဲ့ဒေသတွေကိုအုပ်စုလိုက်ရွှေ့ပြောင်းနေထိုင်ကြလေ့ရှိပါတယ်။