ငရဲပြည်ရဲ့တံပိုး နှင့် သေမင်းရဲ့ခေါင်းလောင်းဆိုပြီးတင်စားခေါ်ဝေါ်ကြလေ့ရှိတဲ့ ဒီအသီးတွေဟာ အံ့ဩစရာကောင်းတဲ့အပင်တွေထဲမှာပါဝင်ပါတယ်။ အကြောင်းကတော့ ဒီအသီးဟာဆေးဖက်ဆိုင်ရာမှာ အကျိုးအများကြီးပေးတဲ့အပင်ဖြစ်သလို တစ်ချိန်ထဲမှာပဲ ပြင်းထန်တဲ့အဆိပ်ကိုပါဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။
ဒီအသီးဟာ အသုံးပြုသူကို အမြင်မှားယောင်မှုနှင့်စိတ်လွင့်မှုတွေဖြစ်စေပြီးတော့ ဒီလိုဖြစ်ခြင်းဟာတစ်ချို့သူတွေကိုကောင်းမွန်တဲ့အာရုံခံစားမှုတွေဖြစ်လာစေပါတယ်။ ဒါကြောင့်တစ်ချို့သူတွေက ဒီအသီးတွေကို စိတ်အပန်းပြေစေဖို့နှင့် အာရုံခံပိုကောင်းလာဖို့အသုံးပြုကြပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ပမာဏကိုအနည်းငယ်ကျော်သွားတာနှင့်ဒီအသီးဟာ ဆိုးဝါးတဲ့အဆိပ်အဖြစ်ကိုပြောင်းသွားနိုင်ပါတယ်။
အသုံးပြုလို့ရတဲ့သင့်တော်တဲ့ပမာဏနှင့်အဆိပ်ဖြစ်သွားနိုင်တဲ့အတိုင်းအတာကွာခြားမှုဟာ သေးငယ်လွန်းတာကြောင့် သာမာန်လူတွေအတွက် ဆေးဝါးအနေနှင့်အသုံးချဖို့ဆိုတာခက်ခဲလွန်းပါတယ်။ ဒါ့အပြင် ဒီဆေးကိုရှေးခေတ်တုန်းက သာဘဝလွန်နယ်ပယ်တွေဖြစ်တဲ့ စုန်းမတွေကသူတို့အစွမ်းတွေတိုးတက်ဖို့အသုံးပြုခဲ့ကြတယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိပါတယ်။