အဆိပ်ပြင်းလွန်းတယ်လို့သတ်မှတ်နိုင်တဲ့ ရွှေရောင်ဖားများ

//s9.kh1.co/14/1489e967fc0720db72a4b5138d0ca759196cc774.jpg
MPT

 ၂၆-လိုင်-၂၀၂၄ ၄pm · လွန်ခဲ့သော တစ်လ က

အဆိပ်ပြင်းလွန်းတယ်လို့သတ်မှတ်နိုင်တဲ့ ရွှေရောင်ဖားများ

ရွှေရောင်ဖားတွေဟာ အသွင်အပြင်အရကြည့်မယ်ဆိုရင် အတော်လေးမြင်ရခဲပြီးတော့လှပတဲ့ဖားအမျိုးအစားဖြစ်ပါတယ်။ တစ်ကိုယ်လုံးနီးပါး အဝါရောင်တောက်တောက်ဖြစ်ပြီးတော့ အနက်ရောင်နှင့်အစိမ်းရောင်သန်းတဲ့ကိုယ်ထည်ကိုပိုင်ဆိုင်ထားတဲ့ ဒီဖားဟာအမှန်တော့ အဆိပ်အပြင်းဆုံးဖားမျိုးစိတ်ဖြစ်ပြီးတော့ ကြောက်စရာကောင်းတဲ့အဆိပ်တွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သိပ္ပံနာမည် Phyllobates terribilis လို့သတ်မှတ်ထားတဲ့ဒီရွှေရောင်ဖားတွေဟာ နာမည်နှင့်တင် ဘယ်လောက်ကြောက်စရာကောင်းတဲ့ဖားမှန်းသိရတာဖြစ်ပါတယ်။ သူရဲ့အဆိပ်တွေဟာ နေထိုင်ကျက်စားရာဒေသနှင့်အစားအစာတွေအပေါ်မူတည်ပြီးပြောင်းလဲတာမျိုးရှိနိုင်ပေမဲ့ အဆိပ်ပြင်းထန်မှုကတော့ တူညီပါတယ်။ သူ့ရဲ့ ပျမ်းမျှအဆိပ်ပမာဏဟာ လူဆယ်ယောက်ကိုအသက်သေဆုံးတဲ့အထိဖြစ်သွားစေနိုင်တာဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီလိုပြင်းထန်တဲ့အဆိပ်ရှိနေပေမဲ့ ရွှေရောင်ဖားတွေဟာ မျိုးသုဥ်းပျောက်ကွယ်ဖို့စိုးရိမ်နေရတဲ့မျိုးစိတ်ဖြစ်နေဆဲဖြစ်ပါတယ်။ သူတို့ဟာ နေထိုင်ရာဒေသတွေရှားပါးလာမှု အစာရေစာပြတ်လပ်မှုနှင့်လူသားတွေရဲ့နယ်မြေချဲ့ထွင်မှုတွေကြောင့် အကောင်ရေနည်းပါးလာပြီးတော့ ထိန်းသိမ်းဖို့လိုအပ်နေတဲ့မျိုးစိတ်တွေဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T