Oophaga pumilio လို့ခေါ်တဲ့ ဒီစတော်ဘယ်ရီအဆိပ်ဖားတွေဟာ အသွင်အပြင်အရဆိုရင် အတော်လေးချစ်ဖို့ကောင်းပြီးတော့ အိမ်မွေးတိရိစ္ဆာန်အနေနှင့်တောင်မွေးချင်လောက်တဲ့ အကောင်လေးတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့်အနီရောင်တောက်တောက်ရှိပြီးတော့ တစ်ခြားအရောင်မျိုးစုံအဖြစ်ပြောင်းလဲတတ်တဲ့ဒီအကောင်လေးတွေဟာ အဆိပ်အပြင်းဆုံးတော့မဟုတ်ပေမဲ့ လူတွေအတွက် အန္တာရာယ်ရှိတဲ့အဆိပ်တွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Oophaga မျိုးရင်းဝင်ဖြစ်ပြီးတော့ ဒီမျိုးရင်းထဲမှာတော့ စတော်ဘယ်ရီအဆိပ်ဖားတွေက အဆိပ်အပြင်းဆုံးပဲဖြစ်ပါတယ်။ ဒီအဆိပ်ပြင်းကိုသူတို့ဟာ တစ်ခြားဖားတွေလိုပဲ သူတို့စားသောက်တဲ့အစားအစာတွေကနေတစ်ဆင့်ရလာတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာအရောင်မျိုးစုံပြောင်းနိုင်ပြီးတော့ အများဆုံး ၁၅ ရောင်လောက်အထိအရောင်မျိုးစုံတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

ဒီလိုအရောင်တောက်တောက်ရှိခြင်းဟာ သူတို့ကိုအဆိပ်ပြင်းတယ်ဆိုတာကိုသိသာစေတဲ့အကြောင်းအရာလည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ လှပတဲ့အရောင်တွေဟာ သူ့ရဲ့ရန်သူတွေကိုလည်းပိုဆွဲဆောင်တာကြောင့် ဒီစတော်ဘယ်ရီဖားတွေဟာ သဘာဝထဲမှာအကောင်တော်တော်များများရဲ့သားကောင်အဖြစ်သတ်မှတ်ခြင်းကိုခံနေရတာဖြစ်ပါတယ်။