သဘာဝအတိုင်းဖြစ်တည်နေတဲ့ အပြာရောင်ကြယ်ငါးမျိုးစိတ်

//s9.kh1.co/64/64e5338d8c3eee0ae8abbbea4cf7f9019490ab15.jpg
MPT

 ၂၆-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

သဘာဝအတိုင်းဖြစ်တည်နေတဲ့ အပြာရောင်ကြယ်ငါးမျိုးစိတ်

တစ်ကိုယ်လုံးအပြာရောင်ဖြစ်နေတဲ့ကြယ်ငါးဟာ သာမာန်အားဖြင့်ကြည့်လိုက်ရင်သဘာဝအတိုင်းဖြစ်တည်နေတာနှင့်မတူဘဲ ပြုပြင်ထားတယ်လို့ခံစားရပါတယ်။ Linckia laevigataလို့ခေါ်တဲ့ ဒီကြယ်ငါးမျိုးစိတ်ဟာ ကြယ်ငါးမျိုးကွဲတွေထဲက တစ်ခုဖြစ်ပြီးတော့ အင်ဒို ပစိဖိတ်ပတ်ဝန်းကျင်မှာတွေ့ရတဲ့ကြယ်ငါးတစ်မျိုးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=501,h=329,q=100/3b/3b494045e68cb48190708f4b57017ee388720db4.jpg

တစ်ခြားကြယ်ငါးတွေနှင့်မတူဘဲ ဒီအပြာရောင်ကြယ်ငါးတွေဟာ တစ်ခြားအရောင်ရောစပ်တာမရှိဘဲ တစ်ကိုယ်လုံးအပြာရောင်ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အပြာရောင်ဟာတစ်ကောင်ချင်းစီကိုလိုက်ပြီးတော့ အပြာနုကနေ အပြာရင့်ရောင်ဆိုပြီးကွဲပြားတဲ့အရောင်တွေဖြစ်တတ်ပါတယ်။ 

https://s9.kh1.co/__image/w=480,h=640,q=100/52/52a12fe9be0c4690923e8c3cdfd5ed84217b97ec.jpg

သူတို့ဟာ linckiacyanin လို့ခေါ်တဲ့  ကာရိုတီနိုပရိုတင်းတစ်မျိုးကိုထုတ်လုပ်ကြပြီးတော့ ဒီပရိုတင်းဟာ သူတို့ကိုယ်ကိုအပြာရောင်ဖြစ်သွားစေတာဖြစ်ပါတယ်။ ဒီအပြာရောင်ကြယ်ငါးတွေဟာ နေထိုင်ရာပတ်ဝန်းကျင်နှင့် အစားအစာတွေကြောင့်အပြာရောင်ဖြစ်လာတာမဟုတ်ဘဲ သဘာဝအတိုင်းဖြစ်တည်နေတဲ့အရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်နိုင်တာကြောင့် အခုလိုမျိုးအပြာရောင်ဖြစ်နေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T