လိပ်ပြာတွေထက်တောင်လှပတယ်လို့သတ်မှတ်ထားကြတဲ့ Rosy Mapel ပိုးဖလံ

//s9.kh1.co/08/08d30f1c796b63246f06b1d8b536d241fcd6ac9b.jpg
MPT

 ၂၆-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

လိပ်ပြာတွေထက်တောင်လှပတယ်လို့သတ်မှတ်ထားကြတဲ့ Rosy Mapel ပိုးဖလံ

ပိုးဖလံအများစုဟာ လိပ်ပြာတွေနှင့်ယှဥ်ရင်ထူးခြားတဲ့အရောင်တွေသိပ်မရှိဘဲ ရိုးရှင်းကြပါတယ်။ သူတို့ဟာ အမှုန်တွေထူလွန်းတဲ့အတောင်ပံတွေပဲရှိတာကြောင့် လိပ်ပြာတွေနှင့်ယှဥ်ရင် အတော်လေးမလှကြပါဘူး။ ဒါပေမဲ့ Rosy Mapel ပိုးဖလံကတော့ လိပ်ပြာအများစုနှင့်တန်းတူယှဥ်နိုင်တဲ့အပြင် တစ်ချို့လိပ်ပြာတွေထက်ပိုတောင်လှတယ်ဆိုတဲ့ တောင်ပံတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=451,q=100/fd/fdf52543c929105bc68dfc2be79e7316d186537c.jpg

ပန်းနုရောင်နှင့်အဝါဖျော့ရောင်ရောထားတဲ့တောင်ပံနှင့်အဝါရောင်ကိုယ်ထည်ဟာ အတော်လေးကိုလှပြီးတော့ နာမည်နှင့်လိုက်ဖက်တယ်လို့ခံစားရတဲ့အသွင်အပြင်ဖြစ်ပါတယ်။ ပန်းရောင်ခြေတံလက်တံတွေနှင့် အမွှေးနုလေးတွေကလည်း ဒီအကောင်လေးတွေကိုလှတယ်လို့ပိုပြီးခံစားစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/a3/a3634682e0328ba1078d8fe318f06153a8efaede.jpg

သူတို့ဟာပိုးတုံးလုံးအရွယ်မှာ မေပယ်ရွက်တွေကိုစားကြပြီးတော့ မေပယ်ပင်တွေပေါ်မှာနေထိုင်တတ်ကြတဲ့အကောင်တွေဖြစ်ပါတယ်။ လက်ခံပင်ကိုအန္တာရာယ်မဖြစ်စေဘဲ ရှင်သန်လာကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ဒီလှပတဲ့ပိုးဖလံလေးတွေဟာ တစ်ခြားပိုးဖလံတွေလိုပဲ အသက်မရှည်ဘဲ အရွယ်ရောက်ပြီး ရက်ပိုင်းအကြာမှာသေဆုံးသွားတတ်ကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T