မြွေသေးသေးလေးလို့ထင်ရလောက်အောင်မြွေနှင့်တူတဲ့ ပိုးတုံးလုံးကောင်

//s9.kh1.co/00/00e3ee0ddca4dc557b26c1fdde7d71cbf7cbd136.jpg
MPT

 ၂၆-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်နှစ် က

မြွေသေးသေးလေးလို့ထင်ရလောက်အောင်မြွေနှင့်တူတဲ့ ပိုးတုံးလုံးကောင်

ပိုးတုံးလုံးအများစုဟာ အရွယ်ရောက်တဲ့အဆင့်မတိုင်ခင်မှာ ပိုးတုံးလုံးအဖြစ် သစ်ရွက်နှင့်သစ်ပင်တွေပေါ်မှာနေထိုင်ကြတာဖြစ်ပါတယ်။ တစ်ချို့ပိုးတုံးလုံးတွေဟာ အရွယ်အစားကိုမသိဘဲ ရုတ်တရက်ကြည့်လိုက်ရင်မြွေလို့ထင်မှတ်ရလောက်တဲ့အသွင်အပြင်ရှိကြပါတယ်။ ဒီလိုပိုးတုံးလုံးတွေအများစုဟာ အရောင်အဆင်းနှင့် ပုံစံတွေကြောင့်မြွေလို့ထင်မှတ်ခံရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=441,h=688,q=100/a4/a4504b2801e3f83cc21626ee4ddc68cf9a30b3f4.jpg

Sphynx လို့ခေါ်တဲ့ ပိုးဖလံတွေရဲ့ ပိုးတုံးလုံးအဆင့်ဟာ အတော်လေးကိုမြွေနှင့်တူတဲ့အသွင်အပြင်ရှိနေတာဖြစ်ပါတယ်။ သူတို့ရဲ့အစိတ်အပိုင်းတွေမှာ အထူးသဖြင့် မျက်နှာဟာမြွေမျက်နှာနှင့်အတော်လေးတူညီနေတာဖြစ်ပါတယ်။ သူရဲ့ခေါင်းဟာမြွေတွေလိုမျိုးပဲ မျက်လုံးအကြီးကြီးရှိပြီးအကြေးခွံလိုမျိုးပါရှိနေတာပါ။

https://s9.kh1.co/__image/w=564,h=374,q=100/64/642b2cbdab42aec48b80ab652f6b092c7360ff82.jpg

ဒါ့အပြင် ဒီပိုးတုံးလုံးကောင်တွေကို လေ့လာခဲ့တဲ့ ပညာရှင်တွေရဲ့အပြောအရ ဒီအကောင်လေးတွေဟာတစ်ခါတစ်လေမှာမြွေတွေလုပ်သလိုမျိုးခေါင်းတွေဘယ်ညာဝှေ့ယမ်းတာမျိုးပါလုပ်တတ်ကြတယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ခြင်းဟာ သူတို့ကိုလာစားမယ့် အိမ်မြှောင်နှင့်ငှက်တွေအထင်မှားအောင်လုပ်ကြတာမျိုးဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T