မက်ဆီကိုနိုင်ငံက သဘာဝခရစ်တယ်ကျောက်တွေပြည့်နေတဲ့ဂူ

//s9.kh1.co/22/22652dfdade1b772fe1d03bf0acb9ee97eed7f20.jpg
MPT

 ၂၅-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

မက်ဆီကိုနိုင်ငံက သဘာဝခရစ်တယ်ကျောက်တွေပြည့်နေတဲ့ဂူ

မက်ဆီကိုနိုင်ငံ ချီဟွားဟွားမြို့မှာရှိတဲ့ ခရစ်စတယ်ဂူဟာ ထူးခြားပြီးတော့လှပတဲ့ခရစ်စတယ်ကျောက်တွေကြောင့်နာမည်ကြီးပါတယ်။ ဒီဂူဟာ မြေအောက် ပေကိုးရာကျော်မှာရှိပြီးတော့ မိုင်းတွင်းတစ်ခုနှင့်ဆက်စပ်နေတာဖြစ်ပါတယ်။ ဒီမိုင်းတွင်းမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေဟာ ခရစ်စတယ်ဂူကို ၂၀၀၀ ခုနှစ်မှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=478,h=585,q=100/ff/ffb1141b53b5bddfa403559adfdaff810bd94fb5.jpg

ဂူထဲက ခရစ်စတယ်တွေဟာ အဖြူရောင် နို့နှစ်ရောင်တွေရှိပြီးတော့ အရွယ်အစားမျိုးစုံရှိနေကြတာဖြစ်ပါတယ်။ အကြီးဆုံးကျောက်ဟာ ၃၇ ပေနီးပါးရှည်လျားပြီးတော့ ၃ ပေနီးပါးကျယ်ဝန်းပါတယ်။ ဒီခရစ်စတယ်တွေဟာ မြေအောက်မှာရှိနေတဲ့ ဆားတွေနှင့် ရေတွေဓာတ်ပြုပြီးတော့ ဖြစ်လာတဲ့ ဆီလီနိုက် ဂျစ်ပဆမ်နှင့် ဆာလဖိတ်ဓာတ်တွေကြောင့်ဖြစ်လာတာပါ။ ကျောက်သားတွေဟာ နူးညံ့နေပြီးတော့ လက်သည်းခွံတွေနှင့်ခြစ်ချလို့တောင်ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=881,q=100/72/72f7626a53dcc55001c75cc95584140b108a6013.jpg

ဂူထဲက အစိုဓာတ်နှင့်အပူချိန်တွေဟာ ခရစ်စတယ်ကျောက်တွေပုံမပျက်သွားစေဖို့အကောင်းဆုံးအခြေအနေမှာရှိနေပါတယ်။ ဒါကြောင့် ဒီခရစ်စတယ်ကျောက်တွေဟာ နှစ်အတော်ကြာတည်ရှိနေပြီးဖြစ်ပြီးတော့ လေ့လာသူတွေအတွက်တော့ စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂူဟာလူသားတွေအတွက်တော့ အတော်လေးခဲယဥ်းပင်ပန်းတဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T