Cross Fox တွေဟာ မြောက်အမေရိကမှာပေါပေါများများရှိနေတဲ့မြေခွေးတွေဖြစ်ကြပါတယ်။ ဒီမြေခွေးတွေဟာ သူတို့ရဲ့ထူးခြားတဲ့အမွှေးတွေနှင့်ပတ်သက်ပြီးတော့နာမည်ကြီးကြသလို ထူးခြားတဲ့ကိုယ်ပိုင်လက္ခဏာတွေလည်းအများကြီးပိုင်ဆိုင်ထားကြပါတယ်။ သူတို့ဟာနာမည်ကြီးတဲ့မြေခွေးနီတွေလိုမျိုး လှပတဲ့လိမ္မော်ရောင်အမွှေးတွေရှိပြီးတော့ ဒီအမွှေးတွေကိုအနက်ရောင်အမွှေးတွေကပါထပ်ပြီးရောစပ်နေတာဖြစ်ပါတယ်။
ဒီလိုလိမ္မော်ရောင်နှင့်အနက်ရောင်ရောစပ်မှုဟာ ကြည့်ကောင်းပြီးတော့ထူးခြားတဲ့အသွင်အပြင်ကိုဖြစ်စေပါတယ်။ နဂိုတုန်းက သိပ္ပံပညာရှင်တွေဟာ ဒီမြေခွေးတွေဟာမျိုးစိတ်အသစ်များလားဆိုပြီးလေ့လာခဲ့ကြပေမဲ့ အမှန်တော့ Cross Fox တွေဟာ မြေခွေးနီမျိုးစိတ်ကပဲဖြစ်ပါတယ်။ မြေခွေးနီနှင့်ငွေရောင်မြေခွေးတို့မိတ်လိုက်ခြင်းကလည်း အခုလိုမျိုး Cross Fox တွေကိုဖြစ်လာစေနိုင်ပါတယ်။
ဒါ့အပြင် ငွေရောင်မြေခွေးတွေအချင်းချင်းကလည်း ဒီလိုမြေခွေးမျိုးကိုမွေးထုတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ သူတို့ရဲ့ထူးခြားတဲ့အမွှေးကြောင့် လူသားတွေရဲ့အကြိုက်ဆုံးသားမွှေးတိရိစ္ဆာန်တွေမှာ Cross Fox တွေဟာထိပ်ဆုံးကနေပါဝင်နေပါတယ်။ လက်ရှိအချိန်မှာအကောင်ရေနည်းပါးခြင်းမရှိသေးပေမဲ့ သူတို့ကိုသေချာထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။