လင်းနို့တော်တော်များများဟာ အနက်ရောင်ဖြစ်ပြီးတော့ လူတွေတော်တော်လေးသဘောမကျတဲ့အကောင်တွေဖြစ်ပါတယ်။ ဒါပေမဲ့ Northern Ghost Bat ကတော့ သင်ထင်ထားသလိုမျိုးအနက်ရောင်တောင်ပံရှည်ကြီးတွေပိုင်ဆိုင်ထားတဲ့လင်းနို့မဟုတ်ဘဲ ပန်းရောင်သန်းနေတဲ့အဖြူရောင်နို့ခဲလိုမျိုးအရောင်လေးရှိတဲ့လင်းနို့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

မက်ဆီကို ဘရားဇီး အမေရိကနှင့် ကျွန်းတစ်ချို့မှာတွေ့ရတဲ့ ဒီပန်းရောင်လင်းနို့တွေဟာ ထူးခြားတဲ့သွင်ပြင်ကြောင့်နာမည်ကြီးကြပါတယ်။ သူတို့ဟာ တစ်ခြားလင်းနို့တွေနှင့် ပုံစံတော်တော်များများတူပြီးတော့ နေထိုင်မှုပုံစံလည်းတူညီကြပါတယ်။ ဒါပေမဲ့ ပန်းရောင်သန်းနေတဲ့တောင်ပံတွေနှင့်ခန္ဓာကိုယ်ဟာသူတို့ကိုထူးခြားတဲ့သက်ရှိတွေဖြစ်လာအောင်လုပ်ပေးတာဖြစ်ပါတယ်။

သူတို့ဟာ ဇန်နာဝါရီနှင့်ဖေဖော်ဝါရီလပိုင်းတွေမှာ မိတ်လိုက်ကြလေ့ရှိပြီးတော့ အုပ်စုလိုက်ထူးထူးခြားခြားနေထိုင်ကြတဲ့လင်းနို့တွေဖြစ်ပါတယ်။ ဒီလင်းနို့တွေဟာသူတို့ရဲ့အသွင်အပြင်ကြောင့် ရုတ်တရက်ကြည့်မိရင် လင်းနို့လို့မထင်ရဘဲ တစ်ခြားအကောင်တွေနှင့်အထင်မှားနိုင်ပါတယ်။ ဒါ့အပြင် အကောင်အရေအတွက်ဟာ သိပ်မများတာကြောင့်လူတွေမြင်တွေ့ကြလေ့မရှိပါဘူး။