တော်တော်လေးရှားပါးတယ်လို့ယူဆနိုင်တဲ့ Juliet Rose

//s9.kh1.co/59/59ea715a85abe34651ce0797680286dc199bc57d.jpg
MPT

 ၂၄-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

တော်တော်လေးရှားပါးတယ်လို့ယူဆနိုင်တဲ့ Juliet Rose

နှင်းဆီမျိုးစိတ်တွေထဲမှာ အရှားပါးဆုံးအဖြစ်သတ်မှတ်ထားကြတဲ့ ဒီဂျူလီယက်နှင်းဆီတွေဟာ သူ့ရဲ့ထူးခြားတဲ့အရောင်နှင့် အသွင်အပြင်ကြောင့် ရှားပါးတာဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်တုန်းက နှင်းဆီမျိုးစပ်ကျွမ်းကျင်သူတစ်ယောက်ဖန်တီးခဲ့တာဖြစ်တဲ့ ဒီနှင်းဆီဟာပန်းဖျော့ရောင်နှင့် တရုတ်ဇီးသီးရောင်ကိုလှလှပပပေါင်းစပ်ထားပြီးတော့ မြင်ရခဲတဲ့အရောင်လေးကိုပိုင်ဆိုင်ထားပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/90/903963129cb8f15cb2f2c0452a580bc8874a66be.jpg

နဂိုမျိုးရင်းမရှိဘဲစပ်ထားတဲ့နှင်းဆီ ဖန်တီးထားတဲ့နှင်းဆီဖြစ်ပေမဲ့ ဂျူလီယက်နှင်းဆီဟာအရှားပါးဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။ အကြောင်းရင်းကတော့ နှင်းဆီတွေဟာ ဒီလိုဖြစ်လာဖို့အတွက်နှစ်ပေါင်း ၁၅ နှစ်တိတိအချိန်ပေးခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ဒီလိုအရောင်နှင့် အနံ့ထွက်လာဖို့အတွက် အခုလိုအချိန်အကြာကြီးပေးခဲ့ရတဲ့အပြင် ဒေါ်လာလေးမီလီယံလောက်ပါကုန်ကျခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=615,q=100/2c/2c5fa7a7deebc997be88305478e8fbf3cddbf67c.jpg

ဒီအကြောင်းရင်းတွေကြောင့် ဂျူလီယက်နှင်းဆီဟာ ကမ္ဘာတစ်လွှားကနှင်းဆီချစ်သူတွေကြားမှာ အရှားပါးဆုံးနှင်းဆီတစ်ခုအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။ ဒါ့အပြင် မြင့်မားတဲ့ကုန်ကျစရိတ်နှင့် ပန်းပွင့်ဖြစ်လာဖို့ကြာချိန်တွေကလည်း တစ်ခြားနှင်းဆီတွေထက်ပိုထူးခြားတယ်ဆိုတဲ့အချက်ကိုအခိုင်အမာပြသနေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T