အန္တာတိကတိုက်ရဲ့ ထူးခြားဖြစ်ရပ်တစ်ခုဖြစ်တဲ့ သွေးရေတံခွန်

//s9.kh1.co/14/1434208a21f6ff72c887faf3b2b74a3c2f12cbba.jpg
MPT

 ၂၄-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၃ လ က

အန္တာတိကတိုက်ရဲ့ ထူးခြားဖြစ်ရပ်တစ်ခုဖြစ်တဲ့ သွေးရေတံခွန်

Blood Fall လို့ခေါ်တဲ့ အနီရောင်ရေတံခွန်ဟာ ဖြူဖွေးတဲ့နှင်းထုတွေအပြည့်ဖြစ်နေတဲ့ အန္တာတိကတိုက်တစ်နေရာမှာတည်ရှိနေပါတယ်။ ဒီသွေးရေတံခွန်ကို လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်က ဘူမိဗေဒပညာရှင် တေလာဆိုတဲ့သူကစတင်တွေ့ခဲ့တာဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ ကမ်းပါးအသေးလေးတစ်ခုကနေစီးကျနေတာဖြစ်ပြီးတော့ နေရာတစ်နေရာမှာပဲကွက်ပြီးအနီရောင်ဖြစ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=562,h=291,q=100/d7/d7621a2dfe7b3f06c816369a9f8171744fcd5c0c.jpg

၂၀၁၇ မှာ လေ့လာရေးလုပ်တဲ့လူတစ်စုက ရေတံခွန်ဘေးကကျောက်ဆောင်တွေမှာ ဆားဓာတ်တွေပါဝင်တာကိုသိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဆားဓာတ်တွေဟာ ရေကိုအနီရောင်ပြောင်းစေရလောက်တဲ့အထိတော့ မများပါဘူး။ ဒါ့အပြင် ရေညှိတွေကြောင့် ပြောင်းသွားတာဖြစ်နိုင်တယ်လို့ယူဆကြပေမဲ့ ဒီသွေးရေတံခွန်အနီးတဝိုက်မှာ အနီရောင်ရေညှိတွေကိုမတွေ့ရပါဘူး။

https://s9.kh1.co/__image/w=564,h=423,q=100/69/6936f9c82b6596f5991638110c041716fdbe64cf.jpg

နှစ်အတော်ကြာ ပညာရှင်တွေကို ခေါင်းခဲစေခဲ့တဲ့ ဒီသွေးရေတံခွန်ဟာ နောက်ဆုံးမှာတော့ အနီရောင်ဖြစ်ရတဲ့အကြောင်းရင်းကိုသိလာခဲ့ရပါတယ်။ သွေးရေတံခွန်အနီးမှာ နာနိုစဖီးယားလို့ခေါ်တဲ့ သတ္တုအနည်းငယ်ကိုတွေ့ခဲ့ရတာပါ။ ဒီနာနိုစဖီးယားဟာ အောက်ဆီဂျင်နှင့်ဓာတ်ပြုလိုက်ချိန်မှာရေအဖြူရောင်ကိုအနီရောင်အဖြစ်လုံးဝပြောင်းလဲသွားစေခဲ့တာဖြစ်ပါတယ်။ နာနိုစဖီးယားပါဝင်မှုအပေါ်ကိုလိုက်ပြီးတော့ သွေးရေတံခွန်ရဲ့အရောင်ဟာ အနုအရင့်ကွဲပြားနိုင်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T