မထင်ထားတဲ့နည်းလမ်းနှင့်သားကောင်ရှာတတ်တဲ့ bolas spider

//s9.kh1.co/1c/1c4057d83cd80542e71d5b97b31fe7d1e05589a9.jpg
MPT

 ၂၃-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

မထင်ထားတဲ့နည်းလမ်းနှင့်သားကောင်ရှာတတ်တဲ့ bolas spider

bolas spider တွေဟာ သိပ္ပံနာမည် Mastophoreae ဖြစ်ပြီးတော့ အမေရိက အာရှ အာဖရိကနှင့်  ဩစတေးလျတွေမှာတွေ့ရတဲ့ပင့်ကူမျိုးစိတ်တွေဖြစ်ပါတယ်။ ဒီပင့်ကူတွေဟာ ၂ မီလီမီတာကနေ ၁၅ မီလီမီတာလောက်ပဲရှိတဲ့အသေးစားပင့်ကူလေးတွေဖြစ်ပြီးတော့ လူသားတွေအတွက်အန္တာရာယ်ရှိတဲ့အဆိပ်တွေထုတ်လွှင့်နိုင်ခြင်းမရှိတဲ့အကောင်တွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=560,h=373,q=100/b0/b0f1826037b53713c351a126fbe5d252f67a2395.jpg

သူတို့နာမည်ကြီးရတဲ့အကြောင်းရင်းကတော့ သူတို့ဟာသားကောင်တွေကိုထူးခြားတဲ့နည်းလမ်းနှင့်ဖမ်းယူကြတာကြောင့်ဖြစ်ပါတယ်။ တစ်ခြားပင့်ကူတွေလိုမျိုး ပင့်ကူအိမ်တွေဆောက်ပြီးတော့ သားကောင်တွေဖမ်းတာမဟုတ်ဘဲ သူတို့ဟာ သူတို့အမျှင်တွေကို ငါးမျှားချိတ်လိုမျိုးအသုံးပြုပြီး သားကောင်ရှာကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=420,h=560,q=100/09/09e01d6b36c01c8ead1fed3c2f06060f98bf241b.jpg

အမျှင်တွေရဲ့အဆုံးမှာ သူတို့ဟာတစ်ဖက်သားကောင်ကိုဆွဲဆောင်နိုင်တဲ့အရာတွေကိုထုတ်လွှင့်ပြီးတော့ သားကောင်ရောက်လာတာနှင့်ခုန်အုပ်ပြီးဖမ်းဆီးကြတာဖြစ်ပါတယ်။ သူတို့ဟာဆွဲဆောင်တဲ့ပစ္စည်းအဖြစ် ပစ္စည်းတွေကိုအသုံးပြုတာမဟုတ်ဘဲ အင်းဆက်အမတွေရဲ့ရနံ့တွေကိုထုတ်လွှင့်ပြီးအသုံးပြုကြတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T