သက်ရှိကျောက်တုံးလေးတွေအဖြစ် တင်စားကြလေ့ရှိတဲ့ ဒီအပင်လေးတွေဟာ Lithops ဆိုတဲ့နာမည်ကိုပိုင်ဆိုင်ထားတဲ့အပင်လေးတွေဖြစ်ပါတယ်။ သူတို့ဟာ ရုတ်တရက်ကြည့်ရင် တစ်ကယ့်အရောင်စုံကျောက်တုံးလေးတွေလိုမျိုးဖြစ်နေပေမဲ့ အပင်တွေဖြစ်ကြပါတယ်။ အာဖရိကတောင်ပိုင်းမျိုးရင်းပင်တွေဖြစ်ပြီးတော့ မိုးနည်းဒေသတွေရဲ့အဓိကအပင်တစ်ခုလည်းဖြစ်ပါတယ်။

ကျောက်စရစ်ခဲနှင့်တူတဲ့ဒီအပင်လေးတွေဟာ ပုံမှန်အားဖြင့် နှစ်လက်မကနေ လေးလက်မအထိကြီးထွားကြပြီးတော့ ကြီးထွားမှုနှုန်းဟာအတော်လေးကိုနှေးကွေးတာဖြစ်ပါတယ်။ သဲတွေအပေါ်မှာကောင်းကောင်းရှင်သန်နိုင်သလို ကျောက်တောင်တွေမှာလည်းသေချာပေါက်ရောက်နိုင်ကြပါတယ်။

ပြုပြင်ထိန်းသိမ်းရလွယ်ကူပြီးတော့ ထူးခြားတဲ့ဆွဲဆောင်မှုရှိတာကြောင့် နာမည်ကြီးအိမ်တွင်းအလှဆင်အပင်တစ်ခုအဖြစ်ပါနာမည်ကြီးပါတယ်။ ဒီကျောက်တုံးပင်လေးတွေဟာ ဆောင်းဦးတွေမှာ အဝါရောင် အဖြူရောငနှင့်လိမ္မော်ရောင်လိုမျိုး အရောင်လှလှလေးတွေရှိတဲ့ပန်းပွင့်လေးတွေဖူးပွင့်ကြလေ့ရှိပါတယ်။