မွန်ဂိုလီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ၁၉ ခုမြောက်အကြီးမားဆုံးတိုင်းပြည်ကြီးဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုလုံးဟာ သဲကန္တာရတွေ မြက်ခင်းပြင်ကျယ်ကြီးတွေပဲများပြီးတော့ လူဦးရေအတော်လေးနည်းပါးတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ လူပေါင်း သုံးမီလီယံကျော်ပဲရှိပြီးတော့ ဒီအရေအတွက်ဟာနိုင်ငံတွင်းမှာရှိတဲ့မြင်းအရေအတွက်နှင့်အတူတူပဲဖြစ်ပါတယ်။

ဒါ့အပြင် မွန်ဂိုမှာဆိုရင် မြင်းမရှိတဲ့လူတွေဟာ တောင်ပံမပါတဲ့ငှက်တွေလိုမျိုးပဲသတ်မှတ်ခံရတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းကလူတွေဟာ တစ်နေရာမှာအတည်တကျနေထိုင်တာထက် နိုင်ငံတွင်းလှည့်လည်ပြီးတော့ ခြေသလုံးအိမ်တိုင်လိုမျိုးလည်ပတ်သွားလာနေကြတာများပါတယ်။ ကောင်းကင်ပြာအမြဲရှိတဲ့ဒီနိုင်ငံဟာ ထင်သလောက်ပူတဲ့ရာသီဥတုမရှိတာကြောင့် ဒေသခံတွေကဆောင်းတွင်းမှာဆိုရင် အများကြီးဒုက္ခရောက်တတ်ကြပါတယ်။

ဆောင်းတွင်းမှာဆိုရင် အပူချိန်ဟာ အနုတ်၃၀ ဒီဂရီအထိကျဆင်းပြီးတော့ ရေတွေဟာ ခဲကုန်တာကြောင့် တိရိစ္ဆာန်တော်တော်များများသေကြေကြလေ့ရှိပါတယ်။ ဒီအကြောင်းအရင်းတွေကြောင့်ပဲနိုင်ငံတွင်းမှာလူဦးရေနည်းပါးနေရခြင်းလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတွင်းရာသီဥတုကောင်းမွန်ချိန်မှာခရီးသွားလုပ်ငန်းတွေကိုလုပ်ဆောင်လာပြီးတော့ ခရီးသွားတွေစိတ်ဝင်စားတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်လာခဲ့ပါတယ်။




