ဆက်ဆံရေးတွေမှာ Ghosting လုပ်ခြင်း

//s9.kh1.co/c9/c997a05b16716120e45522f7dfe34376aade6efb.jpg
MPT Korea Celebrity

 ၁၆-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၃ လ က

ဆက်ဆံရေးတွေမှာ Ghosting လုပ်ခြင်း

ဆိုရှယ်မီဒီယာခေတ်လိုအခြေအနေမျိုးမှာ ဆက်ဆံရေးတစ်ချို့ဟာ Ghosting လုပ်တာမျိုးကိုအသားကျလာကြပါတယ်။ Ghosting လုပ်တယ်ဆိုတာ တစ်ဖက်ပါတနာဖြစ်သူကို အသိပေးခြင်းမရှိဘဲပျောက်ကွယ်သွားတာပဲဖြစ်ပါတယ်။ ချစ်သူဆက်ဆံရေး ဒါမှမဟုတ် သူငယ်ချင်းတွေကြားမှာလည်း ရုတ်တရက်အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အဆက်အသွယ်အကုန်လုံးကိုဖြတ်တောက်ပစ်ပြီး ပျောက်ကွယ်သွားတာမျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/b7/b73b32a6003018677df2a6dd288b223a5445dcf7.jpg

ဆက်ဆံ‌ရေးပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ ဒီနည်းလမ်းကိုသုံးပြီး လမ်းခွဲကြတဲ့သူအများစုဟာ ဆက်ဆံရေးတွေနှင့်ပတ်သက်တဲ့ စိတ်ဒဏ်ရာလိုမျိုးရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ပြောကြပါတယ်။ ဒီလို Ghosting လုပ်ခြင်းက တစ်ဖက်လူကိုမလေးစားရာကျတဲ့အပြင် မကောင်းတဲ့ခံစားချက်နှင့်လွှမ်းမိုးမှုတွေရှိစေပါတယ်။ အများအားဖြင့် လမ်းခွဲစကားပြောရမှာကိုမကြိုက်တဲ့သူတွေ  မပြောရဲတဲ့သူတွေနှင့် ဆက်ဆံရေးကိုအလေးမထားတဲ့သူတွေဟာ ဒီလိုတိတ်တဆိတ်ပျောက်ကွယ်သွားပြီး လမ်းခွဲရတာကသူတို့အတွက် အကောင်းဆုံးလမ်းခွဲနည်းဖြစ်တယ်လို့ခံယူထားကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=374,q=100/44/448cb4357bd5703b3d506e8fd3f9a21e58d2d68b.jpg

ဒီလို လမ်းခွဲတာမျိုးကို အင်တာနက်လိုမျိုးနေကနေစတင်တွေ့ဆုံပြီး  ချစ်ကြိုက်ကြတဲ့အတွဲတွေဆီမှာအများဆုံတွေ့ရပါတယ်။ ဒီလိုလမ်းခွဲခြင်းဟာအမှန်တော့ တစ်ဖက်ပါတနာကိုနှစ်တွေအကြာကြီးစိတ်ဆင်းရဲနေစေနိုင်တဲ့အကြောင်းအရာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လမ်းခွဲရတဲ့အကြောင်းရင်းကိုမသိရတာကြောင့် အမျိုးမျိုးတွေးပြီး စိတ်ဆင်းရဲနေရတာကြောင့်ဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T