Seventeen အဖွဲ့အကြောင်းကိုမှားယွင်းရေးသားမိတာကြောင့် ဝေဖန်ခံနေရတဲ့ BBC သတင်းဌာန

//s9.kh1.co/4c/4c3a0a2f54cc7546240b365665d0bf0c41bf8f65.jpg
MPT Korea Celebrity

 ၁၆-လိုင်-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ လ က

Seventeen အဖွဲ့အကြောင်းကိုမှားယွင်းရေးသားမိတာကြောင့် ဝေဖန်ခံနေရတဲ့ BBC သတင်းဌာန

မကြာသေးခင်က BBC သတင်းဌာနဟာတောင်ကိုးရီးယားနာမည်ကျော်ကေပေါ့အဖွဲ့တစ်ခုဖြစ်တဲ့ Seventeen အကြောင်းကိုသတင်းတစ်ပုဒ်ရေးသားခဲ့ပါတယ်။ သတင်းထဲမှာ Seventeen ဟာ UNESCO နှင့် Glastonburry Festival မှာပထမဆုံးဖျော်ဖြေမှုတွေလုပ်နိုင်တဲ့အဖွဲ့ဖြစ်ကြောင်းဖော်ပြခဲ့သလို အဖွဲ့ရဲ့နောက်ဆုံးထွက်ထားတဲ့ အယ်လ်ဘမ်အကြောင်းကိုလည်းဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/dc/dc30ab9045b8eb28aeb0577719f58a22d4e4e8e0.jpg

သတင်းထဲမှာ အဖွဲ့ရဲ့အဓိကပရိုဂျုဆာဖြစ်ပြီးတော့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ Woozi ဟာ သီချင်းရေးသားရာမှာ AI ကိုအသုံးပြုပြီးရေးခဲ့တယ်ဆိုပြီးရေးထားတာဖြစ်ပါတယ်။ အမှန်တော့ ဝူဇီကသူ့အနေနှင့်ခေတ်မီနည်းပညာတွေကို မကြောက်သွားဘဲ သူတို့ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုလေ့လာဖူးတယ်လို့အင်တာဗျုးမှာဖြေကြားခဲ့တာဖြစ်ပါတယ်။ အင်တာဗျုးအဖြေကိုသေချာမလေ့လာဘဲ အခုလိုမျိုးမှားယွင်းရေးသားခဲ့တာကြောင့် ပရိတ်သတ်တွေဟာပြင်းပြင်းထန်ထန်ဝေဖန်ပြီးတော့ တောင်းပန်ဖို့ပြောနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=423,q=100/09/09e619dec2a2e14739cf3c8485ddac2436cbe7df.jpg

သိပ်မကြာခင်မှာပဲ ဝူဇီကိုယ်တိုင်ကနေပြီး သီချင်းတွေဟာလူသားတွေရေးထားတာဖြစ်ကြောင်း AI ရေးတာမဟုတ်ကြောင်း အင်စတာဂရမ်စတိုရီကနေတစ်ဆင့် ပြန်ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သူဖြေတဲ့အင်တာဗျုးအဖြေနှင့် BBC သတင်းထောက်လိုရာဆွဲရေးတာတွေကို ယှဥ်ပြပြီးတော့ပါ ပြန်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T