Lisa နှင့် Jennie ကိုယှဥ်ပြောတာကြောင့် ဝေဖန်ခံနေရတဲ့ Billboard

//s9.kh1.co/0b/0b1d801cfc2b6aec4602799a7f14b9292e9143ce.jpg
MPT Korea Celebrity

 ၁၃-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၉ လ က

Lisa နှင့် Jennie ကိုယှဥ်ပြောတာကြောင့် ဝေဖန်ခံနေရတဲ့ Billboard

Billboard ဟာ မကြာသေးခင်က X မှာ BlackPink အဖွဲ့ဝင်တွေဖြစ်တဲ့ လီဆာနှင့်ဂျင်းနီရဲ့သတင်းတွေကိုယှဥ်ပြခဲ့တာကြောင့် အကြီးအကျယ်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ လီဆာဟာမကြာသေးခင်ကမှ Rockstar သီချင်းနှင့် သူ့ရဲ့ကိုယ်ပိုင်ကုမ္မဏီလက်အောက်ကနေ ပထမဆုံးပွဲဦးထွက်လာတာဖြစ်ပါတယ်။ ဒါ့အပြင်သူမဟာ Global Citizen Festival  မှာဦးဆောင်သူအနေနှင့်ဖျော်ဖြေသွားအုံးမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=631,q=100/fc/fc56c5d8004ef118615cceec9aab462a9f5dc491.jpg

တစ်ဖက်မှာတော့ ဂျင်းနီဟာဗီဒီယိုတစ်ခုမှာ အခန်းတွင်း Vape သောက်တာကြောင့်အကြီးအကျယ်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ သူမအနေနှင့်တရားဝင်တောင်းပန်စာထုတ်ပြီးတဲ့အပြင် ဝန်ထမ်းတွေကလည်း ဂျင်းနီဖက်ကနေပြောပေးခဲ့ပေမဲ့ ဝေဖန်မှုတွေရှိနေဆဲအခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ Billboard ဟာ Blackpink အဖွဲ့ဝင်နှစ်ယောက်ရဲ့သတင်းတွေကိုယှဥ်ပြီးတင်လာတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=698,q=100/9d/9d231a8eafacd9d0747f248fe873fb058af8ca46.jpg

လီဆာကဖျော်ဖြေပွဲမှာတစ်ကိုယ်တော်ဦးဆောင်ပြီးဖျော်ဖြေမယ့်အချိန် ဂျင်းနီဟာအခန်းတွင်းဆေးလိပ်သောက်မှုကြောင့် တောင်းပန်စာထုတ်နေရတယ်ဆိုပြီးသတင်းကိုတင်လာတာဖြစ်ပါတယ်။ ဒီယှဥ်ပြောမှုကြောင့် BlackPink အဖွဲ့ရဲ့ပရိတ်သတ်တွေဟာ အတော်လေးကိုစိတ်ပျက်နေကြပြီးတော့ Billboard ကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T