တောင်ကိုးရီးယားနာမည်ကြီး Youtuber Tzuyang ရဲ့အမှု

//s9.kh1.co/ff/ff6445078487c0862cdbde284b237feb89528eb2.jpg
MPT Korea Celebrity

 ၁၂-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်နှစ် က

တောင်ကိုးရီးယားနာမည်ကြီး Youtuber Tzuyang ရဲ့အမှု

အစားအသောက်စားပြတဲ့ချန်နယ်တစ်ခုဖွင့်ထားပြီးတော့ နာမည်ကြီး Youtuber ဖြစ်တဲ့ Tzuyang ဟာ မကြာသေးခင်က သူ့ချန်နယ်မှာသူ့ရဲ့အတိတ်ကအမှုတွေကိုဖော်ထုတ်ခဲ့ပါတယ်။ သူမဟာ အရင်ကတွဲခဲ့တဲ့ရည်းစားဟောင်းရဲ့ခြိမ်းခြောက်မှုတွေအပြင် ကိုယ်ထိလက်ရောက်ကျုးလွန်မှုတွေကိုပါခံခဲ့ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/36/36b83f4f7ca8034c7da83d136eb5615d0174d255.webp

ဗီဒီယိုထဲကပြောကြားချက်အရ Tzuyang ဟာ သူ့ရဲ့အရင်အလုပ်ကနေထွက်ပြီးအခုလိုယူကျု့ဘာစလုပ်ဖြစ်တာကလည်း ရည်းစားဟောင်းရဲ့ခြိမ်းခြောက်မှုကနေလွတ်မြောက်ချင်လို့ဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်သူဖြစ်တုန်းက တရားမဝင်ရိုက်ကူးထားတဲ့ဗီဒီယိုတွေနှင့်ဆက်တိုက်ခြိမ်းခြောက်ပြီးတော့ အတူအလုပ်တွဲလုပ်စေခဲ့ပါတယ်။ ဒါ့အပြင် သူ့စကားနားမထောင်ရင် ကိုယ်ထိလက်ရောက်ရိုက်နှက်တာမျိုးပါကျုးလွန်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=352,q=100/0c/0c76bba8d4097430752d5d6999fcac1694087329.jpg

ရှေ့နေဖြစ်တဲ့သူတွေက Tzuyang ရဲ့ပြောကြားချက်တွေကိုထောက်ခံပေးတဲ့တရားဝင်သက်သေတွေအများကြီးကိုပါဖော်ပြလာခဲ့ကြပါတယ်။ ရိုက်နှက်ခံရလို့ရတဲ့ဒဏ်ရာတွေအပါအဝင် ဖုန်းခေါ်ဆိုပြီးခြိမ်းခြောက်တာတွေပါပါဝင်တာကြောင့် လူထုဟာ Tzuyang  ကိုအတော်လေးသနားဂရုဏာသက်နေကြတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T