ယုန်နှင့်တောယုန်ကြီးလို့ခွဲခြားသိကြတဲ့ ယုန်မျိုးစိတ်နှစ်မျိုးဟာ အမှန်တော့မျိုးရင်းတစ်ခုကနေခွဲထွက်လာတဲ့မျိုးစိတ်နှစ်ခုဖြစ်ပါတယ်။ ပုံပန်းသွင်ပြင်နှင့်အလေ့အကျင့်တော်တော်များများတူညီတာကြောင့် သာမန်လူတွေအနေနှင့်ရုတ်တရက်ခွဲခြားတတ်ဖို့ခက်ခဲနိုင်ပါတယ်။ ယုန်မျိုးစိတ်ကတော့ အများကြီးရှိပြီး အမျိုးမျိုးကွဲပြားနေပေမဲ့ တောယုန်ကြီးတွေကတော့ မျိုးစိတ်တစ်ခုပဲရှိနေတာဖြစ်ပါတယ်။

ယုန်တွေဟာ တစ်ခြားအကောင်တွေနှင့်ပါပေါင်းပြီးအုပ်စုလိုက်နေထိုင်တတ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ အစာရှာတာနှင့်အိပ်တာအပါအဝင်လုပ်ငန်းစဥ်တော်တော်များများကိုအုပ်စုလိုက်လုပ်ကြလေ့ရှိပါတယ်။ တစ်ဖက်မှာတော့ တောယုန်ကြီးတွေဟာ အဖွဲ့လိုက်မနေတတ်ကြဘဲ တစ်ကောင်တည်းပဲနေတတ်ကြပါတယ်။ မိတ်လိုက်ချိန်နှင့် အရေးပေါ်အခြေအနေတွေမှာပဲ အုပ်စုလိုက်နေတတ်ကြပြီး အချိန်ပြီးသွားတာနှင့်တစ်ကောင်တည်းသီးသန့်ပြန်နေကြလေ့ရှိပါတယ်။

ဒါ့အပြင် ယုန်တွေဟာတောယုန်ကြီးတွေထက် အများကြီးသေးပြီးတော့ အရွယ်အစားအားဖြင့်ကွာခြားလွန်းပါတယ်။ ဒါ့အပြင် ယုန်တွေဟာ သူတို့နေထိုင်တဲ့နေရာအနီးတဝိုက်မှာပဲ သွားလာကြလေ့ရှိပြီးတော့ ဝေးတဲ့နေရာတွေကိုသိပ်မသွားတတ်ကြပါဘူး။ ဒါပေမဲ့ တောယုန်ကြီးတွေကတော့ ဝေးလံတဲ့နေရာတွေကိုပါတကူးတကသွားပြီးတော့ စူးစမ်းရတာကိုသဘောကျကြပါတယ်။ ပြီးတော့ ယုန်လေးတွေဟာ တောယုန်ကြီးတွေထက်ပိုအားနည်းပြီးတော့ လူတွေကိုမြင်တာနှင့်ပုန်းဖို့အရင်လုပ်ကြပါတယ်။