ဂျင်းနီဟာ မကြာသေးခင်က အီးစီးကရက်ကိုအခန်းတွင်းမှာသောက်ခဲ့ပြီးတော့ ဝန်ထမ်းဖြစ်သူမျက်နှာကိုမှုတ်ထုတ်ခဲ့တာကြောင့် အတော်လေးပြဿနာဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုမ္မဏီဖက်ကနေဆေးလိပ်သောက်တာမှန်ကန်ကြောင်းတောင်းပန်စာထုတ်ခဲ့ပေမဲ့ အတော်လေးဝေဖန်ခံရမှုတွေဟာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့်ဝန်ထမ်းရဲ့မျက်နှာကိုအငွေ့တွေမှုတ်ထုတ်လိုက်တာဟာ ပရိတ်သတ်တွေကို အတော်လေးစိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့နေရာမှာရှိနေခဲ့တဲ့ ဝန်ထမ်းရဲ့စကားအရ ဂျင်းနီဟာ မတော်တဆအငွေ့မှုတ်မိပြီးနောက်ပိုင်းချက်ချင်းပြန်တောင်းပန်လိုက်တဲ့အပြင် ဝန်ထမ်းဖြစ်သူကလည်းသူကိုယ်တိုင်ဆေးလိပ်သောက်တာကြောင့် အဆင်ပြေတယ်လို့ပြောခဲ့တယ်လို့ဆိုပါတယ်။
ဒီပြဿနာဟာ အမှန်တော့ တောင်းပန်ရုံနှင့်အဆင်ပြေသွားမယ့်ကိစ္စဖြစ်ပေမဲ့ တစ်ချို့သူတွေဟာ အတိတ်ကအကြောင်းအရာတွေကိုပါပြန်ဖော်ပြီး ဂျင်းနီကိုတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ဂျင်းနီဟာ သူ့ရဲ့ဝန်ထမ်းတွေကို သူငယ်ချင်းလိုပဲပေါင်းသင်းလေ့ရှိပြီးတော့ အတော်လေးစိတ်ထားကောင်းတာကြောင့် ဝန်ထမ်းတွေဖက်ကနေပြီး သူ့အတွက်ကာကွယ်ပေးတဲ့စကားတွေဆက်တိုက်ပြောခဲ့ကြပါတယ်။