မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တဲ့မင်းသမီး ဂျောင်ယိုမင်း

//s9.kh1.co/b2/b25ccae4c4615f0105e4d80533df312547c38af8.jpg
MPT Korea Celebrity

 ၁၀-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော ၃ လ က

မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တဲ့မင်းသမီး ဂျောင်ယိုမင်း

မင်းသမီးဂျောင်ယိုမင်းဟာ ဩဂုတ်လအတွင်းမှာ မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်းသတင်းထွက်လာခဲ့ပါတယ်။ မင်းသမီးဟာ အနုပညာရှင်မဟုတ်တဲ့ အမျိုးသားတစ်ယောက်နှင့်မင်္ဂလာဆောင်သွားမှာဖြစ်ပြီးတော့ မင်္ဂလာပွဲကိုနီးစပ်ရာအသိုင်းအဝိုင်းနှင့်ပဲ အကျဥ်းချုံးကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=797,q=100/bf/bf3107e53025c635bd39e92c60122ace8215c015.webp

မင်းသမီးရဲ့အေဂျင်စီဖက်ကနေပြီးလည်း သတင်းကိုအတည်ပြုပေးသွားပြီးတော့ မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်းအတည်ပြုပေးသွားပါတယ်။ မင်းသမီးဂျောင်ယိုမင်းဟာ ၂၀၁၂ တုန်းက HolyLand ဒရာမာနှင့်ပွဲဦးထွက်လာတာဖြစ်ပြီးတော့ နောက်ပိုင်းမှာ Red Balloon  Perfect Marriage Ravage အစရှိတဲ့ဒရာမာတွေနှင့်အများကြီးအောင်မြင်လာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=812,q=100/db/dba44e5aa7432053ca9400892d766b7fdf85b6af.jpg

ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် သရုပ်ဆောင်ကောင်းတဲ့မင်းသမီးအဖြစ်ပါနာမည်ကြီးပါတယ်။ သူဟာ မကြာသေးခင်ကထွက်ရှိထားတဲ့ Connection မှာလည်းပါဝင်ထားပြီးတော့ သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကိုထုတ်ပြထားတာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပမယ့်နေရာနှင့်အချိန်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T