Vape သောက်မိတဲ့အပြစ်အတွက် တရားဝင်တောင်းပန်စာတင်လိုက်တဲ့ BlackPink Jennie

//s9.kh1.co/5a/5a50d67b03ff12110ea2ba1a0e61f252042aa6d3.jpg
MPT Korea Celebrity

 ၁၀-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော ၃ လ က

Vape သောက်မိတဲ့အပြစ်အတွက် တရားဝင်တောင်းပန်စာတင်လိုက်တဲ့ BlackPink Jennie

ဂျင်းနီဟာမကြာသေးခင်က ဗီဒီယိုတစ်ခုမှာ အလှပြင်နေရင်း Vape သောက်ခဲ့တာကြောင့် အတော်လေးဝေဖန်ခံခဲ့ရပါတယ်။ ဒီလိုအခန်းတွင်းမှာ ဆေးလိပ်အစားထိုးဖြစ်တဲ့ အီးစီးဂရက်သောက်ခြင်းဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ဥပဒေအရတရားမဝင်တဲ့အပြုအမူဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ သက်သေအခိုင်အလုံပါလာတာကြောင့် အီတလီနိုင်ငံကကိုးရီးယားသံရုံးကိုတိုင်စာတွေပေးပို့ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=564,h=766,q=100/c1/c108fd868b9373f84ece0210014424fffc44c0ed.jpg

ဂျင်းနီကိုယ်တိုင်တည်ထောင်ထားတဲ့ အေဂျင်စီဖြစ်တဲ့ ODD ကနေပြီးဆေးလိပ်သောက်တာဟာမှန်ကန်ကြောင်းအတည်ပြုပြီး ဂျင်းနီအနေနှင့်ဝန်ထမ်းတွေကိုလည်းတောင်းပန်ပြီးပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေကတော့ ဂျင်းနီအနေနှင့် အနုပညာရှင်တစ်ယောက်ဖြစ်နေပြီး အတူအလုပ်လုပ်တဲ့ဝန်ထမ်းမျက်နှာတည့်တည့်ကိုအခုလိုအငွေ့တွေမှုတ်ထုတ်တာမျိုးဟာ လုံးဝလက်မခံနိုင်စရာအပြုအမူဖြစ်ကြောင်းထောက်ပြခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=640,h=793,q=100/8e/8ee45c9f706403d9a41fcf1e3c966d73d7f05fe7.jpg

တစ်ကယ့်ဆေးလိပ်မဟုတ်ဘဲ အီးစီးကရက်ဖြစ်တဲ့ Vape သောက်တာဟာ အနုပညာရှင်တော်တော်များများကိုပြဿနာဖြစ်စေခဲ့တဲ့အကြောင်းအရာပါ။ EXO အဖွဲ့ဝင် ဒီအိုဟာလည်း အခန်းတွင်းမှာသောက်မိတာကြောင့်ဒဏ်ကြေးပေးဆောင်ခဲ့ရဖူးပါတယ်။ ထုတ်ပြန်ချက်အရတော့ ဂျင်းနီဟာသူ့အပြုအမူကိုသေချာမှတ်ထားပြီး နောက်ကိုဂရုစိုက်သွားမှာဖြစ်ကြောင်းပြောလာတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T