Nation Sibling လို့တင်စားခေါ်ဝေါ်နေကြတဲ့ Park Bogum နှင့် New Jeans အဖွဲ့ဝင် Danielle

//s9.kh1.co/44/442ab21935312ff24c4cdfadbf123aff5896d407.jpg
MPT Korea Celebrity

 ၀၉-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော ၃ လ က

Nation Sibling လို့တင်စားခေါ်ဝေါ်နေကြတဲ့ Park Bogum နှင့် New Jeans အဖွဲ့ဝင် Danielle

Park Bogum နှင့် New Jeans အဖွဲ့ဝင် Danielle တို့ဟာ မကြာသေးခင်က ဂျပန်နိုင်ငံ အိုဆာကာမြို့က Celine ရဲ့ပွဲတစ်ခုကိုတက်ရောက်ခဲ့ကြပါတယ်။ သူတို့ဟာ ဘရန်းရဲ့ကိုယ်စားလှယ်တွေဖြစ်ကြပြီးတော့ ပွဲခင်းအတွင်းက ဖက်ရှင်နှင့်ပုံရိပ်တွေကြောင့် ပရိတ်သတ်တွေကြားမှာအတော်လေးရေပန်းစားသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/e7/e769f3927b2472c11e69288ff0ea836338841a12.webp

ပတ်ဘိုဂန်ဟာ ဒီပွဲမှာ အရင်ကသိပ်မတွေ့ဖူးတဲ့ ပုံရိပ်လိုမျိုးဖြစ်တဲ့ Black Suit နှင့်ဦးထုပ်ပါဆောင်းလာတာကြောင့် အတော်လေးကိုအသစ််အဆန်းဖြစ်နေတာပါ။ ဒါ့အပြင် ချောမောတဲ့အသွင်အပြင်ကြောင့်ဖက်ရှင်ဟာပိုပြီးလိုက်ဖက်သလိုဖြစ်နေတာဖြစ်ပါတယ်။  Danielle ကလည်း ဆင်စွယ်ရောင်ဝမ်းဆက်လေးနှင့်မင်းသမီးလေးလိုဖြစ်နေတာပါ။ 

https://s9.kh1.co/__image/w=650,h=434,q=100/76/7645f55b8c5ef4e606fd20adad3a7ef946735e73.webp

နှစ်ယောက်လုံးဟာ ဆောင်းလေ့မရှိတဲ့ဦးထုပ်တွေဆောင်းခဲ့ကြတာကြောင့် ထူးခြားပြီးတော့ တော်ဝင်မင်းသားမင်းသမီးလေးလိုမျိုးအသွင်အပြင်ဖြစ်နေကြတာဖြစ်ပါတယ်။ နှစ်ယောက်သားအတူရှိပြီးတော့ အင်တာဗျုးဖြေနေတဲ့ပုံရိပ်တွေကလည်း ကြည့်ကောင်းလွန်းတာကြောင့် Visual Sibling ဆိုပြီးပရိတ်သတ်တွေအကုန်လုံးကတင်စားခေါ်နေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/db/db6c5579339dfcb733b63b2e4856ef05e9f01665.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T