ဒုတိယကလေးရှိနေပြီဖြစ်တဲ့ မင်းသားဆောင်းဂျွန်ကီ

//s9.kh1.co/c3/c36af663d5157ce1b51a24addea119d8631a4c0d.jpg
MPT Korea Celebrity

 ၀၈-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော ၃ လ က

ဒုတိယကလေးရှိနေပြီဖြစ်တဲ့ မင်းသားဆောင်းဂျွန်ကီ

တောင်ကိုးရီးယားနိုင်ငံနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ ဆောင်းဂျွန်ကီဟာ ၂၀၂၃ ဂျွန်လကမှ ဖခင်တစ်ယောက်ဖြစ်သွားခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာ ပထမအိမ်ထောင်ဖြစ်တဲ့ မင်းသမီးဆောင်းဟေကိုနှင့်ကွာရှင်းပြီးနောက်ပိုင်းမှာ မင်းသမီးဟောင်းဖြစ်တဲ့ကေတီလူးဝစ်ဆန်ဒါနှင့်လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=755,q=100/27/27e2d7a43eb3ab6768e4a9de69686db5bc12b912.jpg

သူတို့နှစ်ယောက်ဟာ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့အပြင် ဆောင်းဂျွန်ကီရဲ့အလုပ်တွေမှာကေတီဟာလိုက်ပြီးအားပေးကူညီလေ့ရှိကြောင်း အနုပညာအသိုင်းအဝိုင်းတွေက မကြာခဏပြောကြလေ့ရှိပါတယ်။ ဆောင်းဂျွန်ကီဟာ ပထမကလေးမွေးပြီးနောက်ပိုင်းမှာ ရောမမြို့မှာပဲ နေထိုင်ပြီး မိန်းမနှင့်ကလေးကိုစောင့်ရှောက်နေတာဖြစ်ပါတယ်။ မိသားစုလိုက်လမ်းလျှောက်ထွက်တာမျိုးကို ပရိတ်သတ်တစ်ချို့က မကြာမကြာတွေ့ရတတ်တာကြောင့်ဆောင်းဂျွန်ကီဟာ ခင်ပွန်းကောင်း ဖခင်ကောင်းအနေနှင့်တာဝန်ကျေနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=995,q=100/03/0338e3a1f5c5a3417a93931e4d8beb9fd718ce3a.jpg

အခုချိန်မှာတော့ ကေတီတို့လင်မယားဟာ ဒုတိယကလေးရှိနေပြီဖြစ်ပြီးတော့ ကလေးကိုမွေးဖွားမယ့်အချိန်ကိုတော့ အနုပညာရှင်ရဲ့ကိုယ်ရေးကိုယ်တာအဖြစ် လျှို့ဝှက်ထားပါတယ်။ ဒီသတင်းကိုအေဂျင်စီကလည်းအတည်ပြုထားပြီး ဒုတိယကလေးဟာလက်ရှိအချိန်မှာ ဘယ်နှလရှိနေပြီလဲဆိုတာကိုမကြေညာထားပါဘူး။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T