Copy ကူးတယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ လီဆာရဲ့ Rockstar MV

//s9.kh1.co/89/8928a8f6de30a250d5943b9622af7354198541a5.jpg
MPT Korea Celebrity

 ၀၇-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော ၃ လ က

Copy ကူးတယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ လီဆာရဲ့ Rockstar MV

မကြာသေးခင်ကထွက်လာတဲ့ လီဆာရဲ့သီချင်းအသစ် Rockstar ဟာဆိုရင် တုံ့ပြန်မှုကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ MV ပါရိုက်ကူးထားပြီးတော့ လူထုအာရုံစိုက်မှုကိုရနေတဲ့ဒီဗီဒီယိုဟာ ကူးချထားတယ်ဆိုပြီးစွပ်စွဲခံနေရပါတယ်။ Travis Scott ရဲ့သီချင်းဗီဒီယိုတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကနေပြီးအခုလိုမျိုးစွပ်စွဲလာခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=820,q=100/8a/8af83e34d786e1136144af24fae58230e25bfce2.webp

လန်ဒန်အခြေစိုက်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Gabriel Mosesကနေပြီး သူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့် လီဆာရဲ့ MV ဟာသူ့ဖန်တီးမှုတစ်ခုကိုကူးထားကြောင်းတင်လာခဲ့တာဖြစ်ပါတယ်။ သူဖန်တီးထားတဲ့ ဗီဒီယိုဟာ လီဆာရဲ့သီချင်းမထွက်ခင် သုံးလအလိုမှာတင်ထားတာဖြစ်ပြီးတော့ အသုံးပြုတဲ့အရောင်တွေ ပုံစံတွေတူညီနေတာကြောင့်အခုလိုမျိုးကူးချတယ်ဆိုပြီးစွပ်စွဲလာတာဖြစ်ပါတယ်။     

https://s9.kh1.co/__image/w=650,h=755,q=100/ae/ae98b833fcb09d1ffed6475b83db2d5dc4c1a835.webp

ဗီဒီယိုထဲကတူညီမှုတွေကို သူ့ရဲ့ပရိတ်သတ်တစ်ယောက်ကနေပြီး အီးမေးလ်ပို့တာကြောင့် စစ်ကြည့်ရင်းသိသွားတာလို့ Gabriel Moses ကပြောခဲ့ပါတယ်။ သူ့အနေနှင့် လကုန်အထိအချိန်ပေးထားပြီးတော့ လီဆာရဲ့အဖွဲ့ဖက်ကနေပြီးဖြေရှင်းပေးမှာကိုစောင့်နေတယ်လို့သတိပေးထားပါတယ်။ တစ်ကယ်လို့လုံလောက်တဲ့ရှင်းပြချက်မရှိရင် တရားစွဲဆိုသွားနိုင်ခြေရှိပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T