Tokyo Dome မှာဖျော်ဖြေပွဲလုပ်နိုင်တဲ့ ပထမဆုံးမိန်းကလေးအဖွဲ့ဖြစ်လာတဲ့ New Jeans

//s9.kh1.co/a1/a1b69cf1f5258bf85d33db095cd275dfc2e2d27c.jpg
MPT Korea Celebrity

 ၀၆-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော ၃ လ က

Tokyo Dome မှာဖျော်ဖြေပွဲလုပ်နိုင်တဲ့ ပထမဆုံးမိန်းကလေးအဖွဲ့ဖြစ်လာတဲ့ New Jeans

New Jeans အဖွဲ့ဟာကေပေါ့မှာ ဘယ်မိန်းကလေးအဖွဲ့မှမှတ်တမ်းမရဖူးသေးတဲ့မှတ်တမ်းတစ်ခုကိုရရှိခဲ့ပါတယ်။ သူတို့ဟာ ဂျပန်နိုင်ငံရဲ့နာမည်ကြီး Dome ဖြစ်တဲ့တိုကျို Dome မှာဖျော်ဖြေပွဲကျင်းပနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာမှာဖျော်ဖြေပွဲကျင်းပနိုင်တဲ့အဖွဲ့တွေဟာ Shinee နှင့် Seventeen ပဲရှိသေးပြီးတော့ New Jeans ဟာတတိယမြောက်ပွဲကျင်းပနိုင်တဲ့အဖွဲ့ဖြစ်လာခဲ့တာပါ။ 

https://s9.kh1.co/__image/w=650,h=434,q=100/22/222d50a111ed655c7a6b876d5c008e5b800009e7.jpg

ဒါ့အပြင် သူတို့ဟာ ဒီနေရာမှာပွဲကျင်းပနိုင်ပေမဲ့ ပွဲဦးထွက်သက်တမ်းက နှစ်နှစ်လောက်ပဲရှိနေသေးတာဖြစ်ပါတယ်။ HYBE ရဲ့အအောင်မြင်ဆုံးမိန်းကလေးအဖွဲ့အဖြစ် သတ်မှတ်ခံရတဲ့ New Jeans ဟာ Hype Boy  Ditto Super Shy အစရှိတဲ့ Hit Song တွေအများကြီးကိုထုတ်ဝေခဲ့ပြီးတော့ ပရိတ်သတ်တွေကြားမှာသာမက သာမာန်လူငယ်တွေကြားမှာပါနာမည်ကြီးနေတာပါ။

https://s9.kh1.co/__image/w=650,h=454,q=100/59/59f4954d27d661887c74a9e69e38761cd6833fb6.jpg

မကြာသေးခင်ကဖြစ်သွားခဲ့တဲ့ HYBE နှင့် မင်းဟီဂျင်ကြားကပြဿနာတွေကြောင့် ပရိတ်သတ်တစ်ချို့က New Jeans ရဲ့အနာဂတ်ကိုစိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ကံကောင်းထောက်မစွာနှင့်ပဲ အဆင်ပြေသွားပြီးတော့ မင်းဟီးဂျင်ဟာလည်း New Jeans နှင့်အတူတူအလုပ်ဆက်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T