ချစ်သူကောင်မလေးကိုဝေဖန်မှုတွေမလုပ်ကြဖို့ တောင်းဆိုလိုက်တဲ့ အိုင်ဒေါတစ်ယောက်

//s9.kh1.co/80/808bb93d8a7716086aeb22b242b1fb06177339ca.jpg
MPT Korea Celebrity

 ၀၅-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော ၃ လ က

ချစ်သူကောင်မလေးကိုဝေဖန်မှုတွေမလုပ်ကြဖို့ တောင်းဆိုလိုက်တဲ့ အိုင်ဒေါတစ်ယောက်

Fantasy Boys အစီအစဥ်ကနေနာမည်ကြီးလာတဲ့ Nam Seunghyun ဟာ ၂၀၂၃ တုန်းက ရှိုးကနေတစ်ဆင့် ပရိတ်သတ်တော်တော်များများရခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ကတည်းက N.CUSဆိုတဲ့အဖွဲ့နှင့်ပွဲဦးထွက်ခဲ့ဖူးပြီးတော့ ၂၀၂၀ မှာအဖွဲ့ကနေထွက်ခဲ့တာဖြစ်ပါတယ်။ Fatasy Boys ရှိုးတစ်လျှောက်မှာ ပြောင်မြောက်တဲ့အရည်အချင်းနှင့်ရုပ်ရည်ကြောင့် ချီးကျုးခံရတဲ့ သူဟာမကြာသေးခင်တုန်းက သူ့ရဲ့တရားဝင်ဆိုရှယ်မီဒီယာအကောင့်ကနေပြီး ကောင်မလေးဖြစ်သူနှင့်ပုံတွေတင်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=590,h=1024,q=100/62/62154e0c8c1c14519581934ca11812d5632f9cef.webp

အိုင်ဒေါတစ်ယောက်ဖြစ်တာကြောင့် အခုလိုမျိုး ပုံတွေတင်လာတာကို ပရိတ်သတ်တွေကဝိုင်းပြောပြီးဝေဖန်ခံခဲ့ကြပါတယ်။ တစ်ဖက်မိန်းကလေးဖြစ်သူကိုလည်း ဝေဖန်မှုတွေလုပ်ခဲ့ကြတာကြောင့်   Nam Seunghyun ဟာကောင်မလေးဖက်ကနေပြီးကာကွယ်ပေးဖို့ဖြေရှင်းချက်ထုတ်လာပါတယ်။

https://s9.kh1.co/__image/w=240,h=360,q=100/c8/c85484c3ad4094c31f23d22d466aa2cf321b64f2.webp

သူ့အနေနှင့်မကြာခင်မှာ လက်ရှိကုမ္မဏီနှင့်စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်ကုန်သွားရင် အိုင်ဒေါဆက်လုပ်ဖို့ဆန္ဒမရှိကြောင်းပြောလာတာပါ။  ဒါ့အပြင် ဒီကောင်မလေးဟာ ပြိုင်ပွဲအတွင်းမှာ ကြိုက်ခဲ့တာမျိုးမဟုတ်ဘဲ ပြိုင်ပွဲကနေအထုတ်ခံရပြီးနောက်ပိုင်းသူခက်ခဲနေတဲ့အချိန်မှာ ကူညီပေးခဲ့သူဖြစ်ပြီး လက်ထပ်ဖို့အထိတွေးထားတဲ့သူဖြစ်တာကြောင့် ဝေဖန်မှုတွေမလုပ်ကြဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T