ကြည့်ရှုမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ အမြွှာလေးတွေပါဝင်တဲ့ You Quiz အပိုင်း

//s9.kh1.co/1e/1ef5fcf1984d9848b5b13ac6d2f26c197b9116e4.jpg
MPT Korea Celebrity

 ၀၅-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၃ လ က

ကြည့်ရှုမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ အမြွှာလေးတွေပါဝင်တဲ့ You Quiz အပိုင်း

တောင်ကိုးရီးယားတစ်နိုင်ငံလုံးချစ်ခဲ့ရတဲ့ မင်းသားကြီးဆောင်းအီဂွတ်ရဲ့အမြွှာသားလေးသုံးယောက်ဟာ ဆယ်နှစ်အကြာမှာ ရှိုးတစ်ခုကိုပါဝင်ခဲ့ပါတယ်။ နိုင်ငံ့အဆင့်တင်ဆက်သူတွေဖြစ်တဲ့ ယူဂျယ်ဆော့နှင့် ချိုဆယ်ဟိုတို့တင်ဆက်နေတဲ့ You Quiz on the Blocks မှာဖခင်ဖြစ်သူနှင့်အတူပါဝင်လာခဲ့ကြတဲ့အမွှာလေးတွေဟာ ပထမဆုံးအနေနှင့်လူမြင်ကွင်းကိုထွက်လာကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=581,q=100/c8/c8f75f40a259a601be5063f8437b7e1ed03320af.jpg

အသက် ၁၂ ပဲရှိသေးပေမဲ့ ဖခင်နီးပါးရှည်တဲ့အရပ်ကိုပိုင်ဆိုင်ထားတဲ့ အမွှာလေးတွေဟာ ရှိုးကိုအဖေနှင့်အတူပါဝင်ပြီးတော့ ငယ်ငယ်တုန်းကအကြောင်းအရာတွေကိုပြောခဲ့ကြပါတယ်။ လက်ရှိမှာ ငယ်ရွယ်သေးပေမဲ့ အမွှာလေးသုံးယောက်ဟာမတူညီတဲ့အကျင့်ကိုယ်စီရှိပြီးတော့ ပုံစံတွေလည်းအတော်လေးကွဲပြားကြပါတယ်။ အကြီးဆုံးဒယ်ဟန် အလတ် မင်ဂု အငယ်လေး မန်ဆယ် တို့ဟာ အခုချိန်ထိလည်း လူထုချစ်တာကိုခံနေရတုန်းပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/17/179f5c2ce0733bede286f192faa6129d14865b28.jpg

သူတို့လာတဲ့အပိုင်းဟာဆိုရင် ကြည့်ရှုနှုန်း ၇.၈ ရာခိုင်နှုန်းကျော်ရှိပြီးတော့ ဒီအတိုင်းအတာဟာ Yoo Quiz လိုမျိုးနာမည်ကြီးရှိုးတစ်ခုရဲ့သက်တမ်းမှာတစ်ခါမှမရဖူးတဲ့ကြည့်ရှုနှုန်းပဲဖြစ်ပါတယ်။ ၂၀၁၈ ကနေစတင်ခဲ့တဲ့ရှိုးရဲ့သမိုင်းမှာ ဒီကြည့်ရှုနှုန်းဟာ အများဆုံးဖြစ်တာကြောင့် ပရိတ်သတ်တွေအနေနှင့်အမွှာလေးတွေကိုဘယ်လောက်တောင်သတိရနေပြီးချစ်နေကြကြောင်းသိနိုင်တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=359,q=100/bd/bdcb746ffa59485efefd5a692af29745cfca6225.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T