နာမည်ကြီးအကဲဖြတ်ဒိုင်တွေပါဝင်ပြီးတော့ Teddy လိုမျိုးကမ္ဘာ့အဆင့်မီပရိုဂျုဆာကနေပြီး တာဝန်ယူထုတ်လုပ်ပေးမယ့် I Land 2 ပြိုင်ပွဲဟာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်မှုအပါအဝင် ပရိတ်သတ်တွေရဲ့မဲပေးမှုတွေနှင့် အဖွဲ့ဝင် ၇ ယောက်တိတိပါဝင်တဲ့ မိန်းကလေးအဖွဲ့တစ်ခုကို ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ပွဲဦးထွက်ခွင့်အဆင့်တစ်ကိုတော့ ပြိုင်ပွဲတစ်လျှောက်လုံးမှာအတော်လေးထူးချွန်တဲ့ အဆိုအရည်အချင်းနှင့်အကအရည်အချင်းတွေပြခဲ့တဲ့ ချွဲဂျောင်အွန်းကရသွားခဲ့ပါတယ်။ အဆင့် နှစ်ကို နာမည်ကြီးသင်တန်းသားတစ်ယောက်ဖြစ်တဲ့ ဘန်ဂျီမင်းကရသွားပြီးတော့ အဆင့်သုံးကိုတော့ ရှိုးနောက်ပိုင်းတွေမှာ ပြောင်မြောက်တဲ့အဆိုအရည်အချင်းကိုပြလာခဲ့တဲ့ ယွန်းဂျီယွန်းကရသွားခဲ့တာဖြစ်ပါတယ်။
Ko Ko ရူဆာရန်းအစရှိတဲ့သူတွေရသွားပြီးတော့ နောက်ဆုံးအနေနှင့် ဒိုင်လူကြီးတွေရွေးချယ်တာခံရတဲ့ မိုင်ဟာလည်း အဖွဲ့မှာပါဝင်လာခဲ့ပါတယ်။ နဂိုကြေညာချက်မှာအဖွဲ့ဝင်ခြောက်ယောက်လို့ပဲသတ်မှတ်ထားပေမဲ့ ဒိုင်လူကြီးတွေဖက်ကနေပြီး ဂျောင်ဆယ်ဘီကိုသူမရဲ့စတိတ်စင်ပေါ်ကအရည်အချင်းတွေကြောင့် ထပ်ပြီးထည့်လိုက်တာကြောင့် အဖွဲ့ဝင်ခုနှစ်ယောက်ပါဝင်တဲ့ IZNA ဖြစ်လာတာဖြစ်ပါတယ်။