ရို့စ်ဟာမကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပတဲ့ The 2024 Andam Fashion Awards ကိုတက်ရောက်ခဲ့ပါတယ်။ ပွဲတော်ကိုရောက်လာတဲ့ ရို့စ်ရဲ့ပုံရိပ်တွေဟာ အတော်လေးရေပန်းစားသွားပြီးတော့ လူပြောများခဲ့ပါတယ်။ ဒီပွဲတော်မှာ သူမဟာသာမာန်တက်ရောက်သူအနေနှင့်သာမက ဂျူရီမန်ဘာတစ်ဦးအနေနှင့် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ပွဲတော်မှာ ရို့စ်ဟာ အနက်ရောင်ပိုးသားဂါဝန်ကိုရိုးရှင်းတဲ့ပုံစံနှင့်ဝတ်ဆင်ခဲ့တာပါ။ ဂါဝန်ရဲ့အောက်ပိုင်းနားလေးကို ဇာအကွက်လေးထည့်ထားပြီးတော့ ပုံဖော်ထားတဲ့ဂါဝန်ဟာ ရို့စ်ရဲ့ပုံရိပ်နှင့်အတော်လေးလိုက်ဖက်ပြီးတော့ ဆိုရှယ်မီဒီယာမှာပါရေပန်းစားသွားခဲ့ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေကတော့ ဒီဖက်ရှင်တွေထက်ရို့စ်ရဲ့ခန္ဓာကိုယ်အချိုးအစားနှင့်ကျန်းမာရေးကိုပိုပြီးစိတ်ပူနေခဲ့ကြပါတယ်။

အနက်ရောင်ဂါဝန်တိုလေးကြောင့် ရို့စ်ဟာ အတော်လေးပိန်ပါးနေပုံပေါ်ပြီးတော့ ခန္ဓာကိုယ်ကလည်းသေးလွန်းနေတာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း မဂ္ဂဇင်းရိုက်ကူးရေးတစ်ခုကရို့စ်ရဲ့ပုံရိပ်တွေဟာလည်း ပိန်ပါးလွန်းတာကြောင့် ပရိတ်သတ်တွေစိတ်ပူနေခဲ့ရသေးတာဖြစ်ပါတယ်။