ILLIT အဖွဲ့ဝင် Wohee ရဲ့မမှန်ကန်တဲ့ချိုင်းထောက်အသုံးပြုမှုကြောင့်ဝေဖန်မှုမြင့်တက်နေ

//s9.kh1.co/69/696c5f51c1c89899cdeb87d3fe8cabb43da6a458.jpg
MPT Korea Celebrity

 ၀၂-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

ILLIT အဖွဲ့ဝင် Wohee ရဲ့မမှန်ကန်တဲ့ချိုင်းထောက်အသုံးပြုမှုကြောင့်ဝေဖန်မှုမြင့်တက်နေ

ILLIT အဖွဲ့ဟာ ပွဲဦးထွက်ကတည်းက စီနီယာဖြစ်သူ New Jeans ကိုအတုခိုးတယ်ဆိုတဲ့အချက်တွေအပြင် တစ်ခြားအရာတွေအများကြီးကြောင့် အတော်လေးဝေဖန်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ Min Hee Jin ကိုယ်တိုင်ဝင်ပြောတဲ့အပြင် တစ်ခြားအကဆရာတွေကပါပြောတာကြောင့် အဖွဲ့ဟာကော်ပီကူးတယ်ဆိုတဲ့ဝေဖန်မှုတွေကြားမှာအတော်လေးနာမည်ပျက်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/a5/a5a3af67e9d95e7893154a80d103ed1af7205fe9.webp

နောက်ပိုင်းမှာ အဖွဲ့ဝင်တွေ Live လွှင့်ချိန်မှာအဖွဲ့ဝင်တစ်ယောက်ကိုတကူးတကဖုန်းသီးသန့်ပေးပြီး Hate cmt တွေဖတ်ခိုင်းတာမျိုးလုပ်ခဲ့ပါတယ်။ ဒါ့အပြင် မကောင်းတဲ့မှတ်ချက်တွေနှင့်အကြောင်းအရာတွေကြောင့် အဖွဲ့ဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အပြင် ကုသမှုတွေပါခံယူနေရကြောင်းတွေပါကုမ္မဏီဖက်ကနေတင်ပြလာခဲ့ပါတယ််။ အဖွဲ့ဝင် ဝူဟီးဟာလည်း ခြေထောက်ဒဏ်ရာကြောင့် အဖွဲ့လှုပ်ရှားမှုတွေမှာပါမှာမဟုတ်ကြောင်းကြေညာလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/02/022f63efae8b606e976ca248426deb98f197cbd0.webp

ဒါပေမဲ့ ချိုင်းထောက်နှင့်လေဆိပ်ဆင်းလာတဲ့ ဝူဟီးကိုတွေ့တဲ့ပရိတ်သတ်တွေဟာ စိုးရိမ်မှုထက်ပိုပြီးဒေါသပဲထွက်ခဲ့ကြပါတယ်။ အကြောင်းကတော့ ဝူဟီးဟာချိုင်းထောက်ကိုမှားယွင်းအသုံးပြုနေတာဖြစ်ပြီး မန်နေဂျာအပါအဝင် ဘယ်သူမှသူ့ကိုလမ်းလျှောက်ရာမှာကူတွဲပေးတာမျိုးအမှန်ပြင်ပေးတာမျိုးမရှိတာကြောင့်ပါ။ တစ်ချို့ကတော့ သူ့ရဲ့ဒဏ်ရာဟာလည်း ကုမ္မဏီရဲ့ဟန်ဆောင်ခိုင်းမှုများဖြစ်နေမလားဆိုပြီးသံသယဝင်နေကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T