ငှက်လောကရဲ့ထူးခြားတဲ့ Flamingo ငှက်တွေအကြောင်း

//s9.kh1.co/bb/bbd21b281b1fbc2e2c07a3491073c11bdbe925b9.jpg
MPT

 ၂၈-ဇွန်-၂၀၂၄ ၇pm · လွန်ခဲ့သော ၂ နှစ် က

ငှက်လောကရဲ့ထူးခြားတဲ့ Flamingo ငှက်တွေအကြောင်း

Flamingo ငှက်တွေဟာ ငှက်လောကမှာအတော်လေးနာမည်ကြီးတဲ့ငှက်အမျိုးအစားတွေဖြစ်ပါတယ်။ သူတို့ရဲ့အရောင်အဆင်း ပုံပန်းသွင်ပြင်နှင့်တစ်ခြားအကြောင်းအရာတွေကြောင့် ဒီငှက်တွေဟာနာမည်ကြီးတာပါ။ ရွှံမြေနှင့် ကမ်းစပ်တွေမှာကျက်စားလေ့ရှိတဲ့သူတို့ဟာ ပန်းရောင်ကိုယ်ထည်ရှိပြီးတော့ အတော်လေးမြင့်မားတဲ့အရပ်ကိုပိုင်ဆိုင်ထားကြပါတယ်။ အရွယ်ရောင် Flamingo တစ်ကောင်ဟာ ငါးပေလောက်အထိအရပ်မြင့်နိုင်ပါတယ်။

https://s9.kh1.co/__image/w=450,h=450,q=100/ca/ca27c486b0c5e5346142976471c471db2721d90f.png

သူတို့ဟာပျံသန်းနိုင်ပေမဲ့ ရေထဲကနေပဲအစာရှာကြတာကြောင့် တစ်ခြားငှက်တွေနှင့်မတူညီတာတွေရှိပါတယ်။ ပျမ်းမျှအားဖြင့် Flamingo တွေဟာ တစ်နေ့တာရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသူတို့ကိုယ်ပိုင်အမွှေးတွေကိုသန့်ရှင်းရေးလုပ်ပြီးအချိန်ကုန်တတ်ကြပါတယ်။ ပြီးတော့ သူတို့ဟာအုပ်စုလိုက်နေထိုင်ကြပြီးတော့ ရာသီဥတုအလိုက်အဖွဲ့လိုက်ဆောင်းခိုတတ်ကြတဲ့ငှက်တွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=681,q=100/fb/fb98c6cd9b6ac7db73e74937d8e2b3b9b6d0cfab.jpg

မျိုးစိတ်လေးမျိုးရှိပြီးတော့ အမေရိကမှာနှစ်မျိုးနှင့် အာရှနှင့်ဥရောပမှာနှစ်မျိုးရှင်သန်ပါတယ်။ သူတို့ဟာအစာစားနေချိန်မှာအသက်မရှူဘဲစားတတ်ကြပါတယ်။ ငှက်ပေါက်စတွေဟာအစပိုင်းမှာ မီးခိုးရောင်ဖြစ်ပေမဲ့ အချိန်ကြာလာတာနှင့်အမျှ ပုံမှန်အရောင်အတိုင်းဖြစ်လာပါတယ်။ သူတို့ဟာသဘာဝထဲမှာ နှစ်ပေါင်း ၃၀ လောက်ထိရှင်သန်ကြပေမဲ့ မှတ်တမ်းတွေအရ ၈၀ ဝန်းကျင်အထိအသက်ရှင်ခဲ့တဲ့အကောင်လည်းရှိပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T